ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS News က ဖော်ပြထားပါတယ်။
သတင်းရင်းမြစ်တွေ ပြောပြချက်အရ “အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အခုချိန်ထိ အပြင်းထန်ဆုံးဖြစ်လာမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဖို့ စီစဉ်နေပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ပိတ်ရက်တစ်လျှောက်လုံးမှာ လုပ်လာနိုင်တယ်” လို့ ဆိုပါတယ်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အဓိကထားပြီး ပစ်မှတ်ထားလာနိုင်တယ်လို့လည်း သတင်းရင်းမြစ် နှစ်ခုက ပြောထားပါတယ်။
