Home Movies မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးမည် 

မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးမည် 

0
72

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက်ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု မိုးဇလ၏ ယနေ့ သြဂုတ် ၁ ရက်ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင်လည်း မနက်ဖြန် မွန်းတည့်ချိန်အထိ နေရာကွက်၍မိုးကြီးနိုင်ကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ် ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူး တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here