ကျွန်တော်လွမ်းဆွတ်မိသောအငြိမ့်များ

ကျွန်တော်လွမ်းဆွတ်မိသောအငြိမ့်များ
May 14, 2019 Asian Fame

ဟိုး …အဝေးဆီမှ အငြိမ့်က ရောင်းရိုက်သံကို ကြားလိုက်ရသည် နှင့် ကျွန်တော့်စိတ်များ မရိုးမရွဖြစ် လာသည်။ ‘ကရောင်း’ရိုက်သည်ဟူ သော ဝေါဟာရ၏ အဓိပ္ပာယ်ကို ခု ခေတ်ဆယ်ကျော်သက်လူငယ်များ နားလည်တော့မည်မဟုတ်ချေ။ ‘က ရောင်း’ရိုက်သည်ဆိုသည်မှာ အရပ် စကားနှင့်လွယ်လွယ်ပြောရလျှင် အငြိမ့်စတင်မကမီ ပွဲကြည့်ပရိသတ် နည်းနေသည့်အချိန် လူခေါ်တီးလုံး ဟု ပြောလျှင်ရပါသည်။ ကျွန်တော် သည် အလယ်တန်း၊ အထက်တန်းမှ အစ တက္ကသိုလ်ကျောင်းသားအရွယ် အထိ၊ မန္တလေးတစ်ခွင်ပြဲပြဲစင်အောင် အငြိမ့်ပွဲများ လိုက်လန်ကြည့်ရှုလေ့ရှိ သည်။ ကျွန်တော့်အငြိမ့်ကို ကြိုက်နှစ် သက်ပါသည်။ ထိုစဉ်က အငြိမ့်ရွှေ ခေတ်ဟုဆိုရလောက်အောင် မန္တ လေးတွင် အငြိမ့်ပေါင်းရာချီရှိခဲ့သည်။ အငြိမ့်ကို အဘယ့်ကြောင့် နှစ်သက်ရ သနည်းဆိုပါလျှင် အငြိမ့်ကြည့်ခြင်း ဖြင့် ပေါ့ပါးလန်းဆန်းစေ၍လည်း ဖြစ်ပါသည်။ အထူးသဖြင့် အငြိမ့်လူ ရွှင်တော်များ၏ ပြက်လုံးများကို နှစ် ခြိုက်ခြင်းဖြစ်၏။ ရွှေပွဲလာပရိသတ် များ၏ ဟာဒယနှလုံးကို ရွှင်ပြုံးစေ နိုင်အောင် စွမ်းဆောင်ပေး၍လည်း ဖြစ်သည်။ အငြိမ့်တစ်ပွဲကြည့်တော့ မည်ဆိုလျှင် လူရွှင်တော်နာမည်တွေ ကို အရင်မေးပြီးမှ ကိုယ်နှစ်သက် သော လူရွှင်တော်တွေဆိုလျှင် အငြိမ့် စင်ရှေ့ ကျွန်တော်ရောက်နေပြီဖြစ် ၏။ မန္တလေးသည် ၁၂ ရာသီပွဲများ ပေါများသဖြင့် အငြိမ့်ပွဲများလည်း နေ့စဉ်ဆိုသလိုရှိနေတတ်သည်။ က ထိန်ပွဲဆိုလျှင် လမ်းမဖြစ်ပေါ် တစ်ပြ လျှင် တစ်ငြိမ့်နှုန်းလောက် ရှိနေသ ဖြင့် မပျင်းမရိလမ်းလျှောက်၍ ကြည့် နေရုံပင်ဖြစ်သည်။ ထိုစဉ်က အငြိမ့် အဖွဲ့နာမည်များကို ကျွန်တော်မှတ် မိသလောက် တင်ပြရလျှင် – လေ ဘာ၊ ရွှေမင်းသမီးလေး၊ ယုစမ်းကြည်၊ သစ်လွင်၊ ရွှေရတနာ၊ မဗေဒါ၊ ပြုံးချို၊ လမင်းတစ်ရာ၊ မန္တလေးရန်အောင်၊ အိမ်ကြီးခင်ချို၊ ယူတီစီစိန်ပိုးတီ၊ ချယ် ရီစိန်၊ သောင်းတန်၊ သောင်းခန့်၊ သပြေ စသဖြင့် ရှိရာ ကျွန်တော်မ မှတ်မိသော အငြိမ့်အဖွဲ့ပေါင်းများစွာ ကျန်ပါသေးသည်။ ထိုခေတ်က နာ မည်ကြီးလူရွှင်တော်တစ်ယောက်ဖြစ် လျှင် အပျောက်ဆယ်သိန်းထိ ပေးရ ၏။ မင်းသမီးထက် လူရွှင်တော်ခေတ် ဆိုလျှင် ပိုမှန်ပါသည်။ လမင်းတစ် ရာအငြိမ့်အဖွဲ့ထဲမှ လူရွှင်တော် စာ ရေးဆရာ ချစ်စရာ၊ ဒီပါ၊ ထင်ပေါ် တို့ အတွဲသည် နာမည်ကြီးများဖြစ် သလို သူတို့၏ ပြက်လုံးများကိုလည်း ပရိသတ်အလွန်ကြိုက်နှစ်သက်ကြ ၏။ ကျွန်တော်တို့ လူငယ်ဘဝက အငြိမ့်ခေတ်ယဉ်ကျေးမှုသည် လူငယ် များအပေါ် လွှမ်းမိုးထားသည်။ ထို စဉ်က အငြိမ့်ပွဲတစ်ပွဲကြည့်သည့် လူ ငယ်များ၏ ချစ်စရာကောင်းသော ဓလေ့လေးတစ်ခုကို တင်ပြချင်ပါ သည်။ အငြိမ့်ပွဲတစ်ပွဲတွင် အငြိမ့်စင် ၏ ရှေ့လက်ဝဲလက်ယာထောင့်နှစ် ထောင့်တွင် နေရာယူကြသည်၊ ထိုသို့ နေရာယူရခြင်းအကြောင်းမှာ မင်း သမီးကို အနီးကပ်မြင်လိုသည်က တစ်ကြောင်း၊ နောက်တစ်ကြောင်းမှာ မင်းသမီးက သီချင်းဆိုသည့်အခါ ‘မောင်’ဟူသော စကားလုံးပါလျှင် အငြိမ့်စင်လက်ဝဲဘက်မှ ကာလသား များဘက်သို့ တစ်လှည့်၊ အငြိမ့်စင် လက်ယာဘက်မှ ကာလသားများဆီ သို့ တစ်လှည့် ကြာကလေးပစ်ပြီး —

‘မောင်’ …(မင်းသမီး)

‘ဟေး’ (ကာလသားများ ထူးသံ)
ပြီးတော့မှ ”မောင် …အ လုပ်သမားဆိုရင် ပျိုကပင် ..စတင် ချစ်ချစ်ပါရစေရှင်” …အငြိမ့်စင် လက်ဝဲလက်ယာမှ ကာလသားများ အနေဖြင့် ထိုကဲ့သို့ မင်းသမီးက ‘မောင်’ဆိုပြီး ခေတ္တကလေး အောင့် ထားချိန်မှာ ”ဟေး”ဟု ထူးရသည်ကို များစွာ ကျေနပ်ကြ၏။ ခိုင်ရန်ဖြစ်ပွား မှုမရှိ၊ ပြဿနာမရှိ၊ မောင်နှင့်နှမ၊ သားနှင့်အမိ အေးချမ်းရိုးသားစွာ အငြိမ့်ကြည့်ရှုကြ၏။ ကျွန်တော်တို့ မြို့တွင်လည်း ကထိန်ပွဲ၊ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် အငြိမ့်ပွဲ များ ငှား၍ ထည့်လေ့ရှိ၏။ ယခင် ခေတ်က အငြိမ့်ပွဲများသည် အငြိမ့် ၏ အင်္ဂါရပ်နှင့်ညီညွတ်ကြ၏။ အငြိမ့် စင်ပေါ်က ပတ္တလားရှေ့တွင် မင်း သမီးက ပရိသတ်ဘက် ကျောပေး၍ ထိုင်နေရ၏။ ဆိုင်းဝိုင်းအပြည့်အစုံ နှင့်ဖြစ်၏။ လူရွှင်တော်များမှ သမား စဉ်ဖြစ်သော ခွန်းထောက်အရင်ဆို ၏။ ပြီးမှ နဘေကာရံနှင့် မင်းသမီး ခေါ်သောအခါ မင်းသမီးက ပရိ သတ်ဘက် တဖြည်းဖြည်းလှည့်လာ ရင်း သီဆိုကပြအသုံးတော်ခံရ၏။ အငြိမ့်စင်ပေါ်တွင် အော်ပရာပြဇာတ် ခန်းများအတွက် ကားလိပ်များပါ၏။ သူ့ဇာတ်ဝင်ခန်းနှင့် သူ သက်ဆိုင်ရာ ကားလိပ်ကို ချ၍ ကပြရ၏။ ယခု ခေတ်တွင်မူ အငြိမ့်စင်ပေါ်တွင် နောက်မှ ကာရန်ထားသော ပိတ် ကားအဖြူကလေးရှေ့တွင် ကီးဘုတ် ကလေးတစ်လုံးချကာ သီဆိုကခုန် ကြသည်ကို ကြည့်ရသည်မှာ အရသာ မရှိလှပေ။ ကျွန်တော်တို့ လူငယ်ဘဝ က တချို့အငြိမ့်များလည်း ခေတ်မီ ခဲ့ပါသည်။ မန္တလေးရန်အောင်အငြိမ့် ဆိုလျှင် လက်ဝဲလက်ယာ တီးဝိုင်းများ နှင့် ရွေ့လျားထရော်လီများသုံး၍ တီ ထွင်ခဲ့ဖူးသလို၊ အော်ပရာကဏ္ဍတွင် လည်း ”စန္ဒကိန္နရီ”ဇာတ်တွင် လေ ပြင်းမုန်တိုင်းကျ၍ ကိန္နရီနှင့် ကိန္နရာ တို့ တကွဲစီ ကွာဝေးသွားသည့် ပြ ကွက်တွင် အငြိမ့်စင်ပေါ်မှ ပရိသတ် ထဲအထိ ထရော်လီသံလမ်းတစ်ခုထိုး ထားပြီး ကိန္နရီက ထိုထရော်လီသံ လမ်းအတိုင်း ကြေကွဲသည့်အမူအယာ ဖြင့် ပရိသတ်ထဲ တရွေ့ရွေ့ရောက် သွားပြီး အငြိမ့်စင်ပေါ်တွင် တော ခန်း၊ တောင်ခန်း ကားလိပ်ရှေ့တွင် ကိန္နရာက ကြေကွဲစွာကျန်ရစ်ခဲ့ပုံများ သည် အနုပညာမြောက်လှပါသည်။

နောက်တစ်ခုမှာ ကျွန်တော်တို့ ခေတ် အငြိမ့်ပွဲ လူရွှင်တော်များသည် ပြတ်လျံပြက်လျှင် အောက်လုံးဟုခေါ် သော ဖရုဿဝါစာ ပြက်လုံးများ မပါ ဝင်ဘဲနှင့် ပရိသတ်ရယ်မောအောင် ပြက်တတ်ကြ၏။ ယခုခေတ် လူရွှင် တော်တချို့မှာ ညစ်ညမ်းသော ပြက် လုံးများကို မရှက်မကြောက်၊ မရွံမရှာ ပြက်ကြရာ ပွဲကြည့်သူထဲတွင် သက် ကြီးရွယ်အိုများ၊ ကိုယ့်သားသမီး အရွယ်များလည်း ပါဝင်လေရာ ဖဝါး နဲ့ပင် နာ၍မရသော ပြက်လုံးများဖြစ် သည်။ ယခုခေတ်တွင် နိုင်ငံရေးပြက် လုံးများ များလာ၍ ယခင်က လူရွှင် တော်များလို ပြက်လုံးကို ဇာတ်တိုက် သလို မတိုက်ရတော့ချေ။ ယခင်က လမင်းတစ်ရာအငြိမ့်ပွဲမှ လူရွှင်တော် များဖြစ်ကြသော စာရေးဆရာလူရွှင် တော်ချစ်စရာ၊ ဒီပါ၊ ထင်ပေါ်တို့၏ ပြက်လုံးတစ်ခုကို တင်ပြချင်ပါသည်။ ထိုပြက်လုံးသည် လွန်ခဲ့သော နှစ် ၃ဝ ကျော်လောက်ကဖြစ်ပြီး ယခုမျက် မှောက်ခေတ်တွင်ပင် ခေတ်မီနေ သေးသည်ဟု ဆိုချင်ပါသည်။ ကျွန် တော်လွမ်းဆွတ်မိသော အငြိမ့်များ ထဲမှ အမှတ်တရပုံရိပ်တစ်ခုဆိုလျှင် မှန်ပါသည်။ ပထမဦးဆုံးပြည် ဖုန်း ကားအဖွင့်၏ အခင်းအကျင်းမှာ မြန် မာလူမျိုးတို့၏ ပုဂံဖြစ်ပြီး ထိုပုဂံ၏ တစ်နေရာ ယွန်းခွက်များ ယွန်းဗျတ် များ ရောင်းသောဈေးတန်းဖြစ်သည်။ လူရွှင်တော် ထင်ပေါ်က ယွန်းများ ရောင်းသော ဈေးသည်ဖြစ်သည်။ ထိုဆိုင်ရှေ့တွင် ယွမ်းခွက်များ ကို လာရောက်ကြည့်ရှုနေသော တိုးရစ် စုံတွဲတစ်တွဲမှာ လူရွှင်တော်ချစ်စရာ နှင့် အမျိုးသမီးတစ်ယောက်ဖြစ်၏။ နိုင်ငံခြားသားကြီး မစ္စတာချစ်စရာက ယွန်းခွက်ပုံထဲမှာ တွေ့တဲ့ ယွန်းဗျတ် တစ်ခုကို ကိုင်တွယ်ပြရင်း ဆိုင်ရှင် ထင်ပေါ်ကို မေးလိုက်သည်။

“What is this?”

ခက်သည်က ဆိုင်ရှင်ထင်ပေါ် မှာ အင်္ဂလိပ်မတက်၍ မည်သို့ပြန် လည်ဖြေရမည်ကို မသိချေ။ ထိုသို့ အခက်တွေ့နေချိန်တွင် ထင်ပေါ်၏ သူငယ်ချင်း ဒီပါရောက်လာ၍ နိုင်ငံ ခြားသားမေးသော မေးခွန်းကို ဖြေ ပေးရန် အကူအညီတောင်းရာ ဒီပါ မှာလည်း ယွန်းဗျတ်ကို အင်္ဂလိပ်လို မပြောတတ်သောအခါ ထင်ပေါ်အား တိုးတိုးလေးကပ်၍ …

”ဖြေလိုက်ကွာ … This is ရပ် ဗြွန်း လို့” ထိုအခါကျမှ ထင်ပေါ် လည်း ဝမ်းသာအားရဖြစ်သွားပြီး တိုးရစ်ကြီး ချစ်စရာကို …

”This is ရပ် ဗြွန်း”

မြန်မာ့ယွန်းဗျတ်ကို အင်္ဂလိပ်လို မသိတဲ့ ထင်ပေါ်က ယွန်းဗျတ်ကို ရပ် ဗြွန်းလို့ ပြောချလိုက်တော့ တိုးရစ် ကြီး ချစ်စရာက …

”Oh …ယပ်ဗြွန်း … good …how much? ၊

တိုးရစ်ကြီးက ထပ်မေးတယ် ဘယ်လောက်လဲ (How much) အသံထွက်က ဟောင်းမတ်ခ်ျပေါ့ .. အဲဒီလိုမေးလိုက်တော့ ဈေးသည်ကြီး ထင်ပေါ်က စိတ်ဆိုးမာန်ဆိုးနဲ့ ..

”ဘာဗျ အဟောင်းမှတ်နေလို့ လား၊ ဒါအသစ်စက်စက်တွေဗျ” အဲ သလိုနားလည်မှုလွဲနေတော့ အင်္ဂ လိပ်လို မတောက်တစ်ခေါက်တတ်တဲ့ ဒီပါက ဈေးဘယ်လောက်လဲ မေးတာ ကိုသိတဲ့အခါ

”ဟေ့ကောင် တွမ်တီးဖိုက်ကျပ် လို့ ပြောလိုက်”

ထိုအခါကျမှထင်ပေါ်က ရင် ကော့ပြီး တွမ်တီးဖိုက်ကျပ်လို့ ပြော လိုက်သောအခါ တိုးရစ်ချစ်စရာကြီး ခေါင်းတ ညိတ်ညိတ်လုပ်ရင်း မဝယ် ပဲ ထွက်ခွာသွားသည်။ ယွန်းထည်ဆိုင် ရှင်ထင်ပေါ်က သူ့ပါးစပ်ဖြားကနေ ”တွမ်တီးဖိုက် (နှစ်ဆယ့်ငါး)ကို တတွတ်တွတ် ရွတ်နေသည်။

”တွမ်တီးဖိုက် – တွမ်တီးဖိုက်- ဖိုက်တွမ်တီး-ဖိုက်တွမ်တီး” နှစ်ဆယ့် ငါးကို ရွတ်ဆိုကျက်မှတ်ရင်း ငါးရာ နှစ်ဆယ်ဖြစ်သွားတာ ထင်ပေါ်မသိ ဘူး။ အဲဒီအချိန်မှာ ခုနက တိုးရစ်ဇနီး မောင်နှံပြန်ရောက်လာရင်း အစော က ကြည့်ခဲ့တဲ့ ယွန်းဗျတ်ကို လက် ညှိုးထိုးပြရင်း …

”ဟောင်းမတ် (ခ်ျ) (How much)

အဲဒီအခါ ထင်ပေါ်က သူကျက် မှတ်ထားသည့်အတိုင်း တိုးရစ်ကြီး ချစ်စရာကို ပြောချလိုက်သည်။

”ဖိုက်တွမ်တီးကျပ် (FIVE Twenty Kyats)

”Oh-My God (နင့်မေက လွှား အခုတစ်မျိုး တော်ကြာတစ်မျိုး ပါလား)တိုးရစ်ကြီးချစ်စရာက အာမေ ဋိတ်သံနှင့်အတူ မြန်မာလိုပါ ပီပီသသ ကြီး ထည့်ပြောသွားလေတော့သည်။

အထက်ပါပြက်လုံးသည် ကျွန် တော်က စာမျက်နှာပေါ်တွင် စကား လုံးများအဖြစ် ရေးသားပြရခြင်းသာ ဖြစ်သည်။ စင်ပေါ်တွင် လူရွှင်တော် သုံးဦး၏ ပညာရည်ပြည့်ဝသော ရုပ် အခံနှင့် အသံများကိုသာ မြင်ရကြား ရလျှင် တသောသောနှင့် ရယ်မောကြ မည်ဖြစ်၏။ ဒါသည်ပင် ကျွန်တော် လွမ်းဆွတ်မိသော အငြိမ့်များထဲမှ လွန်ခဲ့သော နှစ် (၃ဝ) ကျော်က လမင်းတစ်ရာအငြိမ့်၏ ပုံရိပ်တချို့ ပင်ဖြစ်ပါသည်။ ယခုအခါတွင် ပြန် မရနိုင်တော့သော အငြိမ့်၏ ရသများ ကို ပြန်လည်လွမ်းဆွတ်မိသော်လည်း ယခုအခါ မန္တလေးတွင် အငြိမ့်အဖွဲ့ ဟူ၍ လက်တစ်ဖက်စာ အရေအ တွက်လောက်သာရှိတော့ကြောင်း တင်ပြလိုက်ရပါသည်။

မောင်သစ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*