ပြင်သစ်မှာ မိတ်ကပ်သင်တန်း သွားတက်ခဲ့တဲ့ လင်းလင်း (Make Up Artist)

ပြင်သစ်မှာ မိတ်ကပ်သင်တန်း သွားတက်ခဲ့တဲ့ လင်းလင်း (Make Up Artist)
May 16, 2017 Asian Fame
ပြင်သစ်မှာ မိတ်ကပ်သင်တန်း သွားတက်ခဲ့တဲ့ လင်းလင်း (Make Up Artist)

lin-linလင်းလင်း (Make Up Artist) က ပြင်သစ်နိုင်ငံ မှာရှိတဲ့ Make Up Forever Academy နဲ့ Make Up Art Academy Paris ကျောင်း၂ကျောင်းမှာ မိတ်ကပ် ပညာများကို ၂ပတ်ကြာ သွားရောက်သင် ယူခဲ့ပါတယ်။ သတို့သမီး အထူးလိမ်းခြယ် တဲ့သင် တန်းshort course များကို သင်ယူခဲ့ပြီး အကျိုး ကျေးဇူး များစွာလည်း ရရှိခဲ့ကြောင်းကို လင်းလင်းက

“လင်းတို့ မြန်မာပြည်မှာ စပြီးလိမ်းတော့ အားလုံးကို အမြင်တွေ ဗဟုသုတလေး တွေနဲ့ပဲ လိမ်း ရတယ်။ ဟိုမှာသွားပြီး သင်တဲ့အခါမှာ တကယ့်နိုင်ငံ တကာမှာ သူတို့ဘယ်လို လိမ်းကြလဲဆို တာ သိသွား တယ်။ ကံကောင်းချင်တော့ လင်းတို့ ကျောင်းက Fashion Show ကို လွှတ်ဖို့ရွေးတဲ့ ကျောင်းသား၂ ယောက်မှာ ကိုယ်လည်း ပါတယ်။ မြန်မာတစ် ယောက် နဲ့ဘရာဇီးက တစ်ယောက်ပါတယ်။ သူတို့ လိုချင်တဲ့ look ပုံစံ၂ခုကို လိမ်းခိုင်းတယ်။ ကျောင်း တွေကျောင်းတွေက လူတွေ လွှတ်ပြီး လိမ်းခိုင်းကြ တာပေါ့။ မြန်မာပြည် အနေအထား နဲ့အများကြီး ကွာတာတွေ့ရပါတယ်။ စာတွေ့တွေ ရော လက်တွေ့ တွေရော လိမ်းပြတယ်။ ကိုယ်တိုင်လည်း လိမ်းရတယ်။ လင်းတို့ မြန်မာပြည်က မိတ်ကပ် artist တွေက လင်းကအစ အယူအဆ အမှား တွေ လက်ခံခဲ့မိတယ်။ ဟိုမှာသွားသင်တဲ့ အခါမှာ စိတ်ကူးစိတ် သန်းတွေရော အကျိုး ကျေးဇူး အများကြီးရခဲ့ပါတယ်။ သင်တန်းကြေးရယ် ဟိုတယ် ခရယ် ဆိုရင် အဲဒီမှာ နေတာ သိန်း၁၅ဝလောက် ကုန်ပါတယ်။ သင်တန်းကျောင်း စရိတ်ကို Bella က မဝေသစ်က ထားပေးတာ ပါ။ လေယာဉ်စရိတ်ကိုတော့ လင်းရဲ့အစ်မမသိင်္ဂီက ဖြစ်စေချင် တဲ့အတွက် ပံ့ပိုးပေးကြပါတယ်”လို့ပြောပါတယ်။ ကိုယ့်မြန်မာ မိန်းကလေးတွေကို လှစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မိတ်ကပ်လင်း လင်းက နေ့စဉ်လိမ်းခြယ်တဲ့ မိတ်ကပ်လိမ်းနည်း သင်တန်း လည်း ဖွင့်လှစ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*