အလှဆင် စိတ်ထား တူယှဉ်ခရီးသွား

အလှဆင် စိတ်ထား တူယှဉ်ခရီးသွား
December 26, 2016 Asian Fame
အလှဆင် စိတ်ထား တူယှဉ်ခရီးသွား

ခရီးသွားခြင်းက လူရဲ့စိတ်ကိုလွတ်လပ်စေတယ်။ ဖိအားတွေက ရုန်းထွက်နိုင်ဖို့အတွက် အတွေး အခေါ်သစ်တွေကို ခရီးသွားခြင်းကနေရတဲ့ လွတ်လပ်မှုအတွေးတွေ က ပံ့ပိုးပေးနေပါတယ်။ ခရီးသွား ခြင်းက လူရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို လတ်ဆတ်မှု တစ်ဖန်ပြန်ပေးစွမ်း နိုင်တဲ့အပြင် ကိုယ်သွားရတဲ့ခရီးတွေ၊ လမ်းပန်း တွေအပေါ်မှာ မှီခိုပြီးတော့ လူသားတွေရဲ့ ဦးနှောက်တွေထဲကို အတွေ့အကြုံသစ်တွေ၊ ဗဟုသုတ အသစ်တွေအပြင် အခြားမမြင်နိုင်၊ ကြိုမသိနိုင်တဲ့ ဆန်းပြားမှုတွေ၊ အံ့သြမှု၊ ထူးခြားမှု စတဲ့အရာတွေကို ပါ တစ်ပြိုင်နက် တည်းမှာ ပေးစွမ်းနိုင် နေတဲ့ ရသတစ်ခုပါ။ အခုလို ပွင့်လင်းလာတဲ့ ခေတ်မှာ မြန်မာ ပြည်သူ၊ ပြည်သားတွေဟာ ခရီးသွားခြင်းတွေကို ပိုမိုနှစ်သက် လာကြတယ်။ အရင်ကထက်လည်း သွားရောက် လည်ပတ်စရာဒေသတွေ ပေါ်ပေါက်လာတယ်။ အရင်က သွားလာရခက်ခဲတဲ့ နေရာဒေသ တွေလည်း လမ်းပန်းဆက်သွယ် ရေးတွေ ပွင့်လင်းလာပြီး လည်ပတ်စရာ နေရာဒေသကောင်းတွေအဖြစ် အသက်ဝင်လာလျက်ရှိနေပါ တယ်။ နိုင်ငံရေး အပြောင်းအလဲ တွေလည်း မြန်မာနိုင်ငံမှာ များစွာ ဖြစ်ပေါ်ပြီးနောက် မြန်မာပြည်သူ တွေဟာ ပြည်ပနိုင်ငံတွေကို သွားရောက်လည်ပတ်သူ ဦးရေဟာ တစ်နှစ်ထက်တစ်နှစ် များပြားလာ နေပါတယ်။ ပြည်ပနဲ့ ပြည်တွင်း ခရီးစဉ် တွေကို သွားရောက်လည် ပတ်မှုတွေ အများဆုံးရှိနေကြတဲ့ အနုပညာရှင်တွေကတော့ သူတို့တွေ သွားရောက်ခဲ့ တဲ့ ခရီးသွားအတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ ခရီးသွားရင်လိုအပ်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ၊ သတိထားသင့်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး ပရိသတ် တွေကို အခုလိုပဲ ပြန်လည်မျှဝေ ပြောပြပေးခဲ့ကြပါတယ်။

zaw-gyi

ဇော်ပိုင်

ဒီဇင်ဘာလကတော့ ကျွန်တော့် သားလေးရွှေပိုင် ကျောင်းပိတ်ရက်လည်းဖြစ်တော့ မိသားစု အလိုက် အပန်းဖြေခရီးထွက် တာမျိုးလည်းရှိ ပါတယ်။ ကျွန်တော် တို့က အဆို တော်တွေဆိုတော့လည်း ခရီးက အမြဲထွက်နေရတယ်။ ၂ဝ၁၇ ခုနှစ် ထဲမှာလည်း Music Tour တွေထွက် ဖို့ရှိတယ်။ မြန်မာနိုင်ငံထဲတင်ပဲ မြို့တွေက အများကြီးဆို တော့ တချို့မြို့တွေဆို ကျွန်တော်မရောက် ဖူးသေးတာတွေရှိတယ်။ ကိုယ့် အလုပ်နဲ့ ဆိုတော့ မရောက်ဖူး သေးတဲ့ မြို့တွေရောက်ရတယ်။ အဲဒီမြို့က ပရိသတ်တွေနဲ့ တွေ့ရ တယ်။ ဖျော် ဖြေရတယ်။ တအားပျော်ဖို့ ကောင်း ပါတယ်။ ခရီးထွက်တာက လူ တစ်ယောက်ရဲ့စိတ်ကိုလန်းဆန်း စေတယ်။ ကိုယ် မရောက်ဖူးသေးတဲ့ ဒေသတွေကို သွားရတဲ့ အခါမမြင်ဖူး၊ မတွေ့ဖူးသေးတဲ့ ဒေသန္တရ ဗဟုသုတ တွေရတယ်။ အဲဒါကြောင့် အလည် ခရီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပဲ ဖြစ် ဖြစ်ခရီးတွေ ထွက်သင့်တယ်။အခုလို ခရီးသွားရာသီတွေဆို ပိုလို့တောင် ကောင်းပါသေးတယ်။

win-lwin-htet

ဒါရိုက်တာ ဝင်းလွင်ထက်

ကျွန်တော် ကိုယ်တိုင်လည်းခရီးသွားရတာ ကြိုက်နှစ်သက်တယ်ဗျ။ ကျွန်တော် Let’s Go အစီအစဉ်အတွက် ဥရောပ နိုင်ငံတွေမှာရိုက်ကူးရေးသွားလုပ်တုန်းကဆိုရင်လည်း ရိုက်ကူးရေးအတွေ့အကြုံလည်းများစွာရတယ်ဆိုတာထက် ခရီးသွားအတွေ့အကြုံတွေလည်း အများအပြားရပါတယ်။ ကိုယ့်နိုင်ငံ ကနေ ထွက်သွားပြီ ဆိုတာနဲ့ ကိုယ်နဲ့ယဉ် ကျေးမှုချင်း၊ ဓလေ့စရိုက်ချင်း မတူ ညီတာတွေကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။ လူနေမှုပုံစံတွေ ကအစလေ့လာခွင့်တွေ၊ အတွေ့ အကြုံတွေ များစွာရပါတယ်။ ထူးခြားတာတွေကိုလည်း များစွာလေ့လာ ခွင့်တွေရတာကလည်း ခရီးသွားမှဖြစ် ပေါ်လာတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာပဲ နေနေမယ်ဆိုရင် တခြား အတွေ့အကြုံတွေ မရနိုင်တော့ သလိုတော့ ဖြစ်တာပေါ့။ ကိုယ့်ရဲ့ ပြည်တွင်းမှာလည်း သွားစရာခရီး တွေ အခုဆို အများကြီး ရှိပါတယ်။ ကျွန်တော်လည်း အခုတရုတ်ပြည် ခရီးစဉ်ကို ရိုက်ကူးရေး သွားလုပ်မယ် ဆိုတော့ သူတို့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ အထင်ကရ နေရာတွေမှာ အတွေ့အကြုံ အသစ် တွေ အများကြီးရမှာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ခရီးသွားတယ်ဆိုတာက အလုပ်ထဲမှာရှိနေတဲ့ စိတ်ဖိစီး မှုတွေ ကိုလျော့ကျစေတယ်။ ကိုယ့်ရဲ့ စိတ်ကို လွတ်လပ်စေတယ်။ ခရီးက တော့ ဖြစ်နိုင် ရင် တစ်နှစ် တစ်ခါ လောက်ဖြစ်ဖြစ် သွားသင့်တယ်လို့တော့ထင်ပါတယ်။ ခရီးတိုင်း ကတော့စိတ်ဝင်စားစရာ အတွေ့ အကြုံရစရာ ဗဟုသုတရစရာတွေ ချည်း ပဲလို့တော့ ကျွန်တော်မြင်ပါ တယ်။

hlwan-paing

လွှမ်းပိုင်

ကျွန်တော်က ခရီးသွားရတာကို ငယ်ငယ်တုန်းကတော့ သိပ်မကြိုက်ဘူးဗျ။ ဒါပေမဲ့ ခရီးတွေကိုသွားနေရင်းနဲ့မှ ထပ်သွားချင်လာတာ။ သူ့အလိုလိုပေါ့လေ။ အခုဆိုရင် ဘယ်လိုမျိုး ခရီးထွက်ခြင်းမျိုးကို ပိုသွားချင်လာလဲဆိုရင် Road Trip လို ပုံစံမျိုးသွားချင်လာတာ။ ကိုယ့်ဘာသာကိုယ် တဲထိုးပြီးတော့နေမယ်။ ညဘက်မှာမီးဖိုပြီးတော့ကိုယ့် ဘာသာကိုယ်ချက်စားမယ်။ အဲဒီလိုမျိုးပေါ့လေ။ ကိုယ့်သူငယ်ချင်း ယောက်ျားလေးတွေချည်းပဲစုပြီး တော့တစ်ခါလောက်တော့ အဲဒီ လိုပုံစံမျိုး သွားဖူးကြည့်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဟာက အတွေ့အကြုံလည်း ပိုရမယ်။ အမှတ်တရတွေလည်း အများကြီး ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ပြည်တွင်းမှာဆိုရင် ဂေါ်ရင်ဂျီကမ်းခြေလိုနေရာမျိုး ဖြစ်ဖြစ် အဲဒီလိုပုံစံနဲ့ သွားချင်တာဗျ။ တအားကို စိတ်ဝင်စားပြီး ပျော်ဖို့ကောင်း မယ်လို့ ထင် ပါတယ်။ အခုတစ်ခေါက်သွားရမယ့် Let’s Go To China ဆိုရင်လည်း တရုတ်ပြည်ကလည်း နယ်ချဲ့လက်အောက်ကို ရောက်ဖူးတယ်။ အဲ့ဒီတော့ တည်ဆောက်မှု ဒီဇိုင်းပုံစံ တွေက အခုဆိုရင် ပြင်သစ်လိုလိုနဲ့ဗျ။ ရှေးဟောင်းဥရောပ လက်ရာအဆောက်အအုံတွေနဲ့ တရုတ် ရိုးရာတွေ ပေါင်းစပ်ထားတဲ့ အဆောက် အအုံတွေ အများကြီး လည်းရှိနေတော့အတွေ့အကြုံ တွေတော့ အများကြီးရမယ်လို့ ယုံကြည်တယ်။ ပြည်ပခရီးစဉ်တွေ သွားရင် သတိထားသင့်တာတစ်ခုက ကျွန်တော်တို့ သွားတဲ့ ဥရောပ ခရီးစဉ်တုန်းကဆိုရင် ဂိုက်တွေကသတိပေးတယ်။ ဒီမှာခါးပိုက်နှိုက်တအားများတယ်ပေါ့။ သတိထား ကြဖို့ပြောတယ်။ ခါးပိုက်နှိုက်တွေက သူတို့ နိုင်ငံတွေမှာ တအားဆိုးတယ်။ ဆိုးတယ်ဆိုတာကတအားကို ကျွမ်းကျင်တာဗျ။ အဖွဲ့လိုက်ကိုလုပ်တာဗျ။ တချို့ဆိုရင် ကောင်မလေး ငယ်ငယ် ချောချောလေးတွေချည်းပဲ။ အဲ့ဒီလိုအုပ်စုလိုက်နဲ့ဗျ။ အဲ့ဒါတွေက သတိထားရမယ်။ ဒီလိုပဲ သတိထားရမှာတွေ အများကြီးရှိတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲ နေတယ်။ ပြည်ပခရီးစဉ်တွေမှာ ဂိုက်ရဲ့စကားကို နားထောင်ပြီး သွားတာအကောင်းဆုံး ဖြစ်မှာပါ။ အဲ့ဒါဆိုရင်တော့ အန္တရာယ်ကင်းတယ်။ ဘာပဲပြောပြောခရီးတစ်ခုထွက်ဖြစ်ပြီ ဆိုရင်တော့ အဲဒီခရီးနဲ့ တန်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတ တွေရရှိမှာတော့အမှန်ပါပဲ။

nan-thu-zar

နန်းသူဇာ

ခရီးသွားတဲ့အခါတိုင်း အတွေ့အကြုံတွေရပါတယ်။ ညီမတို့ဆို Let’s Go နဲ့ခရီးစဉ်တွေသွားတဲ့အခါ Teamwork စိတ်ဓာတ်တွေ၊ စည်းလုံးမှုတွေ၊ အချိန်အတိအကျလုပ် ဆောင်တတ်တာက အစ၊ ခရီးသွားရင်ထည့်ရမယ့်ပစ္စည်း တွေစသဖြင့် အတွေ့အကြုံ တော်တော်ရပါတယ်။ ကိုယ်မသိတဲ့နေရာဒေသကိုသွားတဲ့အခါ ဆောင် ရန်ရှောင်ရန် တွေပေါ့။ ခရီးသွားတဲ့အခါ မိသား စုလိုက်သွားတယ်ဆိုလည်း မိသားစုတွေပို စည်းလုံးကြမယ်။ ပြီးတော့ ခရီးသွားမှသိရမယ့် လူအကြောင်းတွေလည်း ရှိတယ်။ နယ်မြေသစ် ကိုသွားတဲ့အတွက် ဗဟုသုတ အများကြီးရသလို မျက်စိ ပွင့်၊ နားပွင့်လည်း ဖြစ်မယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့လည်း လိုတာပေါ့။အပန်းဖြေတာရော လေ့လာဖို့ ရောဆို ခရီးသွားတာကအကောင်းဆုံးပါ ပဲ။

wine-lay-2

ဝိုင်းလေး

ခရီးသွားတာက ကိုယ့်ရဲ့ အသိ အမြင်ကို ပိုတိုးစေတယ်။ကိုယ့်နိုင်ငံ တွင်းမှာတောင် ခရီးသွားရင် ဥပ မာ- ထားပါတော့ တောင်ကြီးဆိုညီမတို့ မရောက်ဖူး တဲ့အခါ ရောက် သွားရင် ကိုယ့် အတွက် လေ့လာစရာတွေ အများ ကြီးရှိတယ်။အဲ့ဒီ လိုပဲ ကိုယ့်နိုင်ငံ မဟုတ်တဲ့တခြား နိုင်ငံတွေကိုသွားတဲ့ အခါကျရင် မတူညီတဲ့ယဉ်ကျေးမှု တွေ၊ ဓလေ့ စရိုက်တွေ၊ အစား အသောက်တွေက အစပေါ့ လေ့လာလို့ရတယ်။ ပြီးတော့ နိုင်ငံတိုင်းမှာသူတို့ရဲ့ ဆောင်ရန် ရှောင်ရန်တွေ ရှိ တယ်။ဒါကို လေ့လာ လို့ရတယ်။လူတိုင်း ခရီးသွားသင့်တယ်လို့ ညီမမြင်တယ်။ ဘဝဆိုတာလည်း ခရီးတစ်ခုပါပဲ။ အပြင်လောကကို ခရီးသွားပြီး မျက်စိဖွင့်နားဖွင့် နေသင့်တယ်။ နိုင်ငံတကာမှာဆိုရင် လည်း ခရီးတွေသွားရင်းနဲ့ပဲ ဘူသါ တွေရေးကြတယ်။အဲဒီကတစ်ဆင့် ဝင်ငွေတွေလည်းရတယ်။ ဒါဟာလည်းခရီးသွားခြင်းကို အကျိုးရှိရှိ အသုံးချခြင်းတစ်မျိုးပဲပေါ့။

ပေါ်ပြူလာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*