Wednesday, September 16, 2026

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...

QR Code ဖြင့် ဆီရောင်းချရာတွင်...

စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညပိုင်းတွင် မိုးသည်းထန်နိုင်ဟု ဆို

လက်ရှိတွင် ပဲခူးတောင်ပိုင်းရိုးမပေါ်၌ မိုးထစ်ချုန်းရွာသွန်းနေပြီး မိုးတိမ်များသည် တောင်ဘက်နှင့် အနောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ယနေ့ ညနေ ၆...
HomeNewsLocal Newsဂျပန်နိုင်ငံတွင် ကျင်းပမည့် (၂၀)...

ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ၊ အိချိနဂိုယာမြို့တွင် ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာရှအားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ အိချိနဂိုယာမြို့နှင့် အိချိပရီဖက်ချာမြို့များတွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အချို့သော အားကစားနည်းများကိုမူ စက်တင်ဘာ ၁၄ ရက်နေ့ကတည်းက စတင်ကျင်းပမည်ဖြစ်သည်။

ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၆ မျိုး၏ ပြိုင်ပွဲအမျိုးအစားပေါင်း ၄၆၉ မျိုး ပါဝင်မည်ဖြစ်ကာ အာရှအိုလံပစ်ကောင်စီဝင် ၄၆ နိုင်ငံမှ အားကစားသမားပေါင်း ၁၀၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြိုင်ပွဲကြီးတွင် ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံး၊ ထပ်ဘော (Teqball)၊ ဂျူဒို၊ e-Sports စသည့် အားကစားနည်း ၅ မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာအဖွဲ့မှ ယှဉ်ပြိုင်မည့် အားကစားနည်းများအနက် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အစောဆုံး စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရှိရန်အတွက်လည်း ပြိုင်ပွဲကြို လေ့ကျင့်ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ရာ ပိုက်ကျော်ခြင်း အမျိုးသား ၄ ယောက်တွဲပြိုင်ပွဲမှ ရွှေတံဆိပ်ဆုနှင့် နဂါးလှေပြိုင်ပွဲမှ ကြေးတံဆိပ် ၂ ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ မတ်ကြီးတို့ဆွေးနွေး

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန၌တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အ ဖွဲ့အစည်းများကြား ဆက်လက်တွန်းအားပေးဆောင် ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ

စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်များမှ ယာဉ်များ၏ QR/Barcode ကို Scan ဖတ်၍ ရောင်းချသည့် ပမာဏပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့် (PO) များကို ခွဲဝေပေးလျက်ရှိသည်။ ယင်းရောင်းချမှု အခြေအနေများကိုလည်း Online Monitoring Center မှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ စနစ်မှန်ကန်ရေးအတွက် ဆိုင်သို့ အမှန်တကယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071