Home News Local News ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ မတ်ကြီးတို့ဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ မတ်ကြီးတို့ဆွေးနွေး

0
60

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန၌တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အ ဖွဲ့အစည်းများကြား ဆက်လက်တွန်းအားပေးဆောင် ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။