Wednesday, September 16, 2026

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...

ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၂၀) ကြိမ်မြောက်...

ဂျပန်နိုင်ငံ၊ အိချိနဂိုယာမြို့တွင် ကျင်းပပြုလုပ်မည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၅ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာရှအားကစားပြိုင်ပွဲကို...
HomeNewsLocal NewsQR Code ဖြင့်...

QR Code ဖြင့် ဆီရောင်းချရာတွင် ညွှန်ကြားချက် မလိုက်နာသည့် စက်သုံးဆီဆိုင် ၂၀ အား အရေးယူ

စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode စနစ်အသုံးပြု၍ ရောင်းချရာ၌ သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှုမရှိသည့် ဆိုင် ၂၀ အား စိစစ်ဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် အရောင်းဆိုင်များမှ ယာဉ်များ၏ QR/Barcode ကို Scan ဖတ်၍ ရောင်းချသည့် ပမာဏပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့် (PO) များကို ခွဲဝေပေးလျက်ရှိသည်။

ယင်းရောင်းချမှု အခြေအနေများကိုလည်း Online Monitoring Center မှတစ်ဆင့် စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

စနစ်မှန်ကန်ရေးအတွက် ဆိုင်သို့ အမှန်တကယ် လာရောက်ဝယ်ယူသည့် ယာဉ်များကိုသာ Scan ဖတ်ရောင်းချရန်နှင့် မသမာသော နည်းလမ်းဖြင့် ရောင်းအားမြင့်တက်အောင် ဆောင်ရွက်ပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ကြိုတင်အသိပေးထားပြီးဖြစ်သည်။

သို့သော်လည်း အချို့အရောင်းဆိုင်များသည် မူရင်း QR ကို Scan မဖတ်ဘဲ ယာဉ်နံပါတ်များကို ရိုက်ထည့်ကာ ဆီဝယ်ယူခွင့် (PO) ပိုမိုရရှိရန် ဆောင်ရွက်နေသည်ကို Control Centre မှ စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သည့် အရောင်းဆိုင် ၂၀ အား ဝယ်ယူခွင့်ပမာဏ လျှော့ချခြင်း၊ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်းနှင့် ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်။

ယခုအခါ စက်သုံးဆီ ဖြန့်ဖြူးမှု စနစ်တကျရှိစေရေးအတွက် နည်းပညာအဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

အလားတူ မသမာမှုမျိုး ထပ်မံတွေ့ရှိပါက အရောင်းဆိုင်အား အမြဲတမ်း ပိတ်သိမ်းသည်အထိ ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်များကို စိစစ်ကြပ်မတ်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ မတ်ကြီးတို့ဆွေးနွေး

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန၌တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အ ဖွဲ့အစည်းများကြား ဆက်လက်တွန်းအားပေးဆောင် ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071