Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeArticlesဧရာဝဏ်ရဲ့ စိန်ရတုအလွန်

ဧရာဝဏ်ရဲ့ စိန်ရတုအလွန်

တစ်နှစ် တာ အားယူခဲ့တဲ့ မိုးက နောက်ဆုတ်စပြုနေလေပြီ။ လရာသီ တန်ဆောင်မုန်းရဲ့အစမှာ ဧရာဝဏ်ကို မနက် ၁၁ နာရီ အချိန် က ရောက်ရှိသွားခဲ့တယ်။ ကျွန်တော့် အိမ်နဲ့ ငါးမိနစ်ခန့်လေးပါ။ ပန်းချီ ဆရာတွေရဲ့ အမည်တွေ မှည့်ထားကြ တဲ့ လမ်းကလေးတွေထဲမှာ တစ်လမ်း အပါအဝင် ဦးတင်အေးလမ်းမှာ နေပါတယ်။

ဧရာဝဏ်က ဆရာ ဦးဘကြည်၊ ရွှေသွေး၊ တေဇစတဲ့ ကလေးပုံပြင် လေးတွေရဲ့ အဘိုး၊ မဟာဗုဒ္ဓဝင်ဇာတ် လမ်းတို့ရဲ့ ပန်းချီဆရာ၊ အရှေ့တိုင်း က ပြင်သစ်ပြန် B ဘကြည်လို့ ဆရာ့ ကို ခေါ်ဆိုကြတယ်။ အရှေ့တောင် အာရှမှာ ဆရာ့လို ပုဂ္ဂိုလ်မျိုးမရှိဘူး လို့ ဘန်ကောက်က ပန်းချီဆရာကြီး တစ်ဦးက ပြောလိုက်လို့ သိရတာပါ ဟု စန္ဒာသူရ (ပန်းချီဆရာ)ပြန်ပြော ပြတာကို ကျွန်တော် နားထောင် လိုက်ရတယ်။ စန္ဒာသူကမှာ ပန်းချီ ဒီဇိုင်းရေးဆွဲခဲ့သူတစ်ဦးပါ။ သူ့ အိမ်မှာရှိနေတဲ့ ပန်းပုဆရာကိုစံမြတ် ရဲ့ လက်ရာပေါ့။ ကိန္နရီ သစ်သား ရုပ်တုပုံလေးရဲ့ ပိုင်ရှင်ပါ။

စန္ဒာသူရအတွက် ဇင်းမယ်၊ ဘန်ကောက်ကို ပန်းချီဒီဇိုင်း ကျောင်း သွားတက်ခွင့်ရအောင် ပန်းချီဦးဘ ကြည်ထံမှ စာတစ်စောင်ရအောင် ကျွန်တော်က တောင်းပေးခဲ့တယ်။ ပန်းချီကျောင်းကိုတက်ဖို့ ကျွန်တော့် ကို အကူအညီ တောင်းခံခဲ့လို့ပါ။

ကျွန်တော်က ဦးဘကြည်ထံမှာ ပညာသင်ယူလုပ်ကိုင်ရင်း၊ ပန်းချီရေး ဆွဲနေရင်း နေခဲ့တဲ့အချိန်လေးကို ပြန်လည်မြင်ယောင်နေမိတယ်။ ဆရာ ဦးဘကြည်ရဲ့ စာတစ်စောင် ကြောင့် စန္ဒာသူရမှာ ယိုးဒယား၊ ဇင်းမယ်၊ ဘန်ကောက်သွား၍ ပန်းချီ ဒီဇိုင်းပညာသင်ခွင့်ရခဲ့တယ်။ ယိုး ဒယား ကျောင်းအုပ်ကြီးက ဆရာ ဦးဘကြည်ရဲ့ စာလေးရတော့ အရှေ့ တောင်အာရှမှာ ဒီလိုဆရာမျိုး မရှိ ပါဘူးဟုဆိုကာ မြန်မာပြည်ဘက်သို့ လှည့်ပြီး လက်အုပ်ချီကာ ဆရာဦး ဘကြည်ကို ဂါရဝပြုကြောင်း ကြား သိရပါတယ်။

ဆရာဦးဘကြည်ရဲ့ လမ်းက လေးမှာ တည်ရှိတဲ့ ပွိုင့်ကိုရောက်ခဲ့ ကြတယ်။ ဦးမြတ်ခိုင်၊ ဦးစောလှိုင်တို့နဲ့ အတူ စကားစမြည် ပြောခဲ့ကြရင်း နေ့ဝက်လောက်ဆိုသလို ကြိုနှင့်ပြီး ပန်းချီမိတ်ဆွေ၊ စာပေမိတ်ဆွေတွေ မလာခင်မှာပင် နှစ်ဦးသားပြောခဲ့ ကြတဲ့ အတိတ်ကပုံရိပ်တွေ၊ သူနှင့် ကျွန်တော် တွေ့ဆုံကြတဲ့ သာဓုခြံ လေးနားက အိမ်လေးမှာ ကက်ဆက် ငှားဆိုင်၊ စာအုပ်ဆိုင်၊ စာပေနယ်မှာ သတင်းသမား အဖြည့်ခံဘဝလေး တစ်ခုပေါ်မှာ ရပ်တည်ခဲ့ရင်း ဟိုး အရင်က ပုံရိပ်ကလေးတွေကို ပြန် လည်ပြောဆိုကြရင်းပေါ့။

တစ်လတာ တစ်လတာများ များ ခရီးစဉ်အမျှင်တန်းပြီး သွားခဲ့ရ တဲ့ စာပေနဲ့ ဆက်နွယ်သော၊ နိုင်ငံနှင့် ဆက်နွယ်သော၊ သတင်းသမားများ နှင့် စသော ဘာသော၊ ညာသော များနဲ့အတူ ဘဝလေးပေါ်မှာနေခဲ့တဲ့ ကိုမြတ်ခိုင်လေ။ နှစ်ပေါင်း ၄ဝ ခန့် က ၃၃လမ်းမှာ၊ ၃၄ လမ်းမှာ ရွှေ ကြည်အေး လက်ဖက်ရည်စာပေလမ်း၊ ကဗျာလမ်းမှာ ကျွန်တော်နှင့် မောင် မောင်သိုက်၊ ပန်းချီစံတိုး စသူတို့နဲ့ သွားလာနေခဲ့ကြရင်း လမ်းကလေး တွေပေါ်မှာ တွေ့ဆုံခဲ့ကြရင်း ဇွန်း မပါတဲ့ လက်ဖက်ရည်သောက်ရင်း၊ နှစ်ကာလတွေ ဖြတ်ကျော်ခဲ့ရရင်းနှင့် အတူ ပုံဖော်ခဲ့ကြရင်း ဘဝစာမျက် နှာတွေပေါ်မှာ ဖြတ်သန်းခဲ့ရတာ တွေ၊ ကျွန်တော်တို့ ဧရာဝဏ် ပွိုင့် လက်ဖက်ရည်ဆိုင်လေးထဲမှာ ချို မြိန်စွာ လက်ဖက်ရည် သောက်ခဲ့ရင်း နဲ့ တစ်နှစ်တစ်ခါက အဖြစ်ကလေး တွေ အလွမ်းပြေစကား၊ အပန်း ဖြေစကား၊ လွမ်းမပြေစကားများ နှင့်အတူ ပြန်လည်ခံစားပြောခဲ့ကြ တယ်။

သာဓုခြံ၊ ကိုဝဏ္ဏ၊ သုမောင်၊ မင်းလူစသော ကတ္တီပါဖိနပ်စီး ရွှေ ထီးဆောင်းနှင့် ခြေဖဝါးတော်နုနု စသော ပန်းနုရောင်အပါအဝင် ပန်းနုရောင်မရင့်တရင့် ဇာတ်ကားရဲ့ စိတ်ဖြေရာများနှင့်အတူ ကချင်မြေ သန်းဆောင်ရဲ့ အလှစိတ်ကလေးတွေ နှင့် မောင်စိန်ဝင်း (ပုတီးကုန်း)တို့နဲ့ အတူ လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ဝန်း ကျင်က ပန်းရနံ့လေးတွေ၊ လေပြည် လေညှင်းလေးတွေက ကျွန်တော်တို့ ရင်ထဲမှာ ရှိနေရင်းနှင့်ပင် ကလျာ မဂ္ဂဇင်း၊ ပေဖူးလွှာ၊ ရှုမဝစသော မဂ္ဂဇင်းများနဲ့အတူ စားကောင်းလှ တဲ့ ဒူးရင်းသီးအကြောင်း ပြောဆိုကြ ရင်း ကိုမြတ်ခိုင် ပြောပြတဲ့ မင်းသမီး နန္ဒာလှိုင်ဝယ်ပေးသော ဒူးရင်းသီး အကြောင်း။ ဒူးရင်းသီး တစ်လုံး ၅ဝဝဝကျပ် စသော ဒူးရင်းသီးများ အကြောင်း ပြောပြရင်း ခိုင်ကြီးရေ လွန်ခဲ့သော ၃၅ နှစ်က ဒူးရင်းသီး စားခဲ့ပုံလေးတွေ ကျွန်တော်က ပြန် လည်ပြောမိကြတယ်။

တစ်နေ့တော့ သိမ်ကြီးဈေးနား က ဒူးရင်းသီးဆိုင်တစ်ဆိုင်မှာ ဒူးရင်း သီးတွေ ဒိုင်နာကား ၂ စီးစာလောက် ပုံပြီး ရောင်းနေတယ်။ တရုတ်လူမျိုး ပါပဲကွာ။ ကိုယ်က ကြက်ဆင် ဖဲထီး လေးကို ပခုံးပေါ်မှာ ချိတ်ပြီး လွယ် အိတ်လေး လွယ်လျက်နဲ့ ဒူးရင်းသီး ဆိုင်ဘေးနားမှာ ဒူးရင်းသီး ခွာစား နေမိတယ်။ ဒူးရင်းသီးကို တရုတ် ကလေး လူရွယ်လေးက ဦးချွန်ဓါး လေးနဲ့ အညှာကို ဖြတ်လိုက်၊ လှီးလိုက်နှင့် ပြောပြခဲ့တယ်။ အညှာ ဝါလျှင် အတွင်းဝါတယ်။ ရွှေဝါရောင် ဖြစ်တယ်။ အညှာဖြူလျှင် အတွင်းဖြူ တယ်။ ကျိုက်ကော်၊ သံတောင်၊ မော်လမြိုင်၊ မြိတ်စတဲ့ ခြံများမှ ကြွေတဲ့ ဒူးရင်းသီးပိုလို့ ကောင်းတယ်။ ဒူး ရင်းသီးများကို ပုံဖော်သိခွင့်ရခဲ့တယ်။

ခံစားမှုပြုသော အမြော်အမြင် ကြီးတဲ့သူတစ်ဦးပါ။ ဒူးရင်းသီးကို တရုတ်ကြီးထံမှာ စားခဲ့တဲ့ ပုံရိပ်ကို ကိုမြတ်ခိုင်ကို ပြောပြခဲ့တယ်။ ခိုင် ကြီးရေ အစ်ကိုလေးပေါ့ကွာ၊ ဒူးရင်း သီးကို တရုတ်ကြီးက ခွဲပေးလိုက်ပြီ။ သိမ်ကြီးဈေးနားမှာ ထိုင်စားခဲ့ပြီး ဒူးရင်းသီးဖိုး နှစ်ကျပ်ပေးကာ ထွက် လာခဲ့တယ်။ အသီးပုံသဏ္ဌာန်က မိကျောင်းခေါင်းပုံသဏ္ဌာန်ဖြစ်ရ မယ်။ ပုတ်ကြည့်လိုက်ရင် ဂုတ် – ဂုတ် – ဂုတ် မြည်ရမယ်။ ဆူးကျဲရ မယ်။ ဒါဆိုရင် အနှစ်ကချိုပြီ။ အညှာ ဝါရင် ဝါပြီး၊ အညှာဖြူရင် ဖြူကာ၊ နို့ဆီဆမ်း ရွှေဒင်္ဂါးစတဲ့ အခြေခံ သဘောတရားတွေကို သိခွင့်ရခဲ့ တယ်။

ဒီလိုကွ၊ တို့ကစားပြီးထွက်လာ တော့ တရုတ်ကြီးက လက်ခုပ်တီးပြီး လှမ်းခေါ်လိုက်တယ်ကွ။ ဒီမှာ ဒီမှာ အမြွာတွေ ကျန်သေးတယ်တဲ့။ ဟော ဗျာ နှစ်ဖက်ထဲမှတ်နေတယ်။ အကန့် လိုက် အကန့်လိုက်တွေနှင့်အတူ အမြွာတွေက များစွာ။ ကျွန်တော်က အညာဒေသမှာ ကြီးပြင်းလို့ ဒူးရင်း သီးနှင့် အလှမ်းကွာသူဖြစ်နေတော့ အမြွာတွေများတဲ့ ဒူးရင်းသီးတွေစား တိုင်း ကျွန်တော့်ဇနီးသည်ကို ပြေး မြင်ရင်း လွန်ခဲ့တဲ့ နှစ် ၅ဝ ခန့်က ဒူး ရင်းသီးနှစ်လုံးကို ပြေးပြီးမြင်ယောင် မိတယ်။

ဘောက်ထော် မိချောင်းကန်မှာ နေတဲ့အချိန် ရှုမဝ၊ ငွေတာရီ မဂ္ဂဇင်း ဆီကနေ စာမူ၊ သရုပ်ဖော်ပုံ ရေးဆွဲ ပေးလို့ရလာတဲ့ ပန်းချီခလေးထုတ်ပြီး ပြန်လာချိန်မှာ ဝယ်ခဲ့တဲ့ ဒူးရင်းသီး လေးနှစ်လုံးပါ။ အိမ်မှာ ဒူးရင်းသီးခွဲ စားတော့ ဇနီးတယ်က အနံ့မခံနိုင်လို့ ဆိုပြီးပြောတယ်။ ကျွန်တော်က စားရင်း အစန်းရေလို့ လှမ်းခေါ်ကာ ဒူးရင်းသီးက အောက်ပြည်အောက်ရွာ မှာသာရှိတာ။ စားကြရအောင်နော်။ ကျွန်တော်တို့မှာ ကလေးတစ်ယောက် ရတဲ့အချိန် သားကြီးက ခုနစ်နှစ်သား ပဲရှိသေးတယ်။ ဇနီးသည်က ‘နံလိုက် တာရှင်ရယ်’ တဲ့။ ဟင် စားနေလိုက် တာ သူကတော့ဆိုပြီး ပြောရှာတယ်။

နောက်တစ်ခါဝယ်စားတော့ ဒူးရင်းသီးကို တစ်လုံးသိမ်းထားလိုက် တယ်။ မွှေးသလို ခံစားနေမိတဲ့ ချစ် ဇနီးသည်လေးမှာ အညာက မျက်နှာ သစ်တစ်ဘက်နဲ့ နှာခေါင်းကို စည်း ထားပြီး ပါးစပ်ဖွင့်ကာ စားလိုက်ကာ ဒူးရင်းသီးကို သူပိုလို့ ကြိုက်သွားခဲ့ တယ်။ ဒူးရင်းသီး ဝယ်စားခဲ့ရင် ကလေးတွေကို တအားမကျွေးရဘူး။ ဘုတွေထွက်တတ်တယ်။ အပူကန် တယ်။ ရေချိုးရတယ်ဆိုပြီး ဆောင် ပုဒ်ရှိတယ်။ ဒူးရင်းသီး စားပြီးရင် အဲဒီဒူးရင်းခွံထဲ သောက်ရေထည့်ပြီး သောက်ရင် အပူငြိမ်းတယ်လို့ ဒူးရင်း သီးထွက်တဲ့ဒေသမှာ ဒူးရင်းသီးစား ခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ မှတ်သားစရာပါပဲ။ ယုံကြည်ရင် ပြုလိုက်ရုံပါပဲ။

ဒူးရင်းသီးစားခဲ့ရင် အခွံလေး ပေါ်မှာထားပြီးစားတဲ့ ခံစားချက်၊ မင်းစိုးရာဇာစားတဲ့ ပုဂံနှင့် ခံစား ချက်။ ဘဝနှင့်စားတဲ့ ခံစားချက်ချင်း မတူပါပေ။ ဒီလိုနဲ့ ဒူးရင်းသီးလေး မြင်တိုင်း မြင်တိုင်း ဘဝတစ်ပါးကို ရောက်ရှိသွားပြီဖြစ်တဲ့ ဇနီးသည်လေး ကို သတိတရဖြစ်မိသား။ ချစ်ဇနီး လေးက ဘဝတစ်ပါးကို သွားခဲ့ပြီ။ အခုတော့ တစ်နှစ်ကျော်ခဲ့ လေပြီ။ ဒူးရင်းသီးလေးက သီးမြဲပင်။ ဝါမြဲ ပင်။ ဖြူမြဲပင်။ ချိုမြဲပင်။

အညှာတိုင်ကို ဓါးလေးနဲ့ ဖြတ် လိုက်ရင် ဝါသော . . .
အညှာတိုင် ဓါးလေးနဲ့ လှီးလိုက် ရင် ဖြူသော . . .

အတွင်းဖြူသော ဘဝလေးကို ဒူရင်းသီးရဲ့ ဆူးကျဲကျဲပေါ်မှာ အပြင် အရုပ်မကြည့်ပါနဲ့။ အတွင်းရဲ့ ချိုမြ သော ဘဝလေးကို ကြည့်စားပါ။ ထမင်းလေးနဲ့စားပါ။ အရက်နဲ့တော့ မမြည်းလိုက်ပါနဲ့။ သေတတ်တယ်လို့ ပန်းချီဝသုန်က ပြောဖူးတယ်။ ဂီတ သမားတစ်ယောက် တွဲစားမိလို့ သေ သွားဖူးတယ်။ တေသွားမယ်နော် ဒူးရင်းသီးလေးအပြစ်မဟုတ်ဘူး။ စားတဲ့သူလေးက တည့်ခြင်း၊ မတည့် ခြင်းတွေကို ဆောင်ရန်၊ ရှောင်ရန် သိရမယ်။ ဆေးပညာတစ်ခုပေါ်မှာ အတူတွဲမစားရဘူး။

ဘဝစာမျက်နှာတွေထဲက ဒူး ရင်းသီးလေးတစ်လုံးရယ်။

ပန်းချီတင်လှဝင်းထင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071