Home News Local News ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

0
61

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက Football For School Program ကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှု တိုးတက်ရေးနှင့် တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မျိုးဆက်သစ်အားကစားသမားများ ပိုမိုမွေးထုတ်နိုင်ရေးအတွက် ဘောလုံး၊ ရေကူး၊ ပြေးခုန်ပစ်နှင့် ကိုယ်ခံပညာရပ်များအပါအဝင် အခြားအားကစားနည်းများကို အခြေခံပညာကျောင်းများတွင် အားကစားနည်းအလိုက် အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းစီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ် အားကစားကွင်းနှင့် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိ မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့စေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here