Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeCelebrities' Newsအနုပညာအလုပ်တွေကို အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ့်...

အနုပညာအလုပ်တွေကို အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ့် အကယ်ဒမီ အိုဝင်

 

၂ဝ၁၇ ခုနှစ်ရဲ့ ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲမှာ နည်းပညာပိုင်းဆိုင်ရာ ဆုတစ်ဆုဖြစ်တဲ့ တည်းဖြတ်ဆုကိုတော့ ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးတဲ့ ‘ထာဝရအမေ’ ရုပ်ရှင် ဇာတ်ကားနဲ့ တည်းဖြတ်ပညာရှင် အိုဝင်က ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ ခံစား ချက်နဲ့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး တည်းဖြတ်ပညာနဲ့ပတ်သက်ပြီး အခက်အခဲ တချို့ ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးတည်းဖြတ်ဆုရရှိခဲ့တဲ့အတွက် ကျွန်တော်တကယ့်ကို ပျော်ရွှင်ရပါတယ်။ ပြောမပြတတ်အောင်လည်း ဝမ်းသာပီတိ ဖြစ်ရပါ တယ်။ ကျွန်တော်ဒီလောကထဲကိုရောက်တာ နှစ်ပေါင်း နှစ်ဆယ်နီးပါးလောက်ရှိပါပြီ။ ဒီနှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ကျွန်တော် ဦးမောင်(စင်ရော်မောင်မောင်)ဆီမှာပဲ ပညာ တွေသင်ပြီး လုပ်ခဲ့တာပေါ့။

ကြော်ငြာဆိုရင်တော့ ကြော်ငြာပေါင်းလေးရာလောက်တော့ ရှိပါတယ်။ Program တွေလည်း အများကြီးပါပဲ။ ရုပ်ရှင်ဇာတ်ကားအနေနဲ့ လေ့လာခွင့် ရခဲ့တာဆိုရင်တော့ ‘ချစ်ခြင်းရဲ့ အခြားမဲ့၊ ‘မမုန်းလေနဲ့ ငပလီ’ ပြီးတော့ ရေခဲတောင်မှာရိုက်တဲ့ ‘လျှိုဝှက်သောနှင်း’။ အဲဒီရုပ်ရှင်ဇာတ်ကားတွေမှာ လက်ထောက်အဖြစ် ပါဝင်ခဲ့ပါတယ်။ ခုဆုရရှိခဲ့တဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားဆက်တုန်းက အခက်အခဲတွေကတော့ ဇာတ်ကားတစ်ကားကိုဆက်တဲ့အခါမှာ အများကြီးကြုံတွေ့ရပါတယ်။ တစ်scene နဲ့တစ် scene ဆက်တဲ့အခါမှာလည်း ဆက်ကြည့်လိုက်တယ်။ မကြိုက်သေးဘူး။ နောက်တစ်ခေါက်ပြန် ဆက်တယ်။ နောက်တစ်ခေါက်ဆက်လည်းမကြိုက်ဘူး။ အဲလိုပှဲခနညန တစှ်ခနညန ကို လေးငါးခြောက်ကြိမ်လောက် ဆက်ကြည့်ရပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ကြော်ငြာတည်းဖြတ်မှုတွေလုပ်ဖြစ်နေပြီး နောက်ပိုင်းမှာ ပရိသတ် အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း တည်းဖြတ်ပညာရှင်အိုဝင်က ခုလို ပြောပြခဲ့ပါတယ်။

“လက်ရှိမှာတော့ ကြော်ငြာတွေရှိတယ်။ ပြီးတော့ မဇ္ဈိမအလင်း ဗုဒ္ဓဝင်ရုပ်ရှင် ဇာတ်ကားကို အပြီးသတ်လုပ်ဆောင်နေပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ဆက်ပြီး တော့လည်း အနုပညာအလုပ်တွေကို အကောင်းမွန်ဆုံးဆိုတာထက် အကောင်းဆုံးဖြစ် အောင်လုပ်ဆောင်သွားပါမယ်။ ဆက်လက်ပြီးတော့လည်း အများကြီးကြိုးစားသွားပါမယ်” လို့ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071