Home News Local News မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့ ပါဝင်ဖျော်ဖြေမည်

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့ ပါဝင်ဖျော်ဖြေမည်

0
62

မကွေး၊ စက်တင်ဘာ ၁၉

မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို့အပါအဝင် နာမည်ကြီးဇာတ်အဖွဲ့များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် ဘာသာရေးဆိုင်ရာ အစီအစဉ်များနှင့်အတူ ရိုးရာယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ချစ်ချမ်းသာဇာတ်ပွဲက အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ၊ အောင်စန်းပွင့်ဇာတ်ပွဲက အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ၊ စမ်းရေမိုးဇာတ်ပွဲက နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ၊ အောင်ဇမ္ဗူဇာတ်ပွဲက နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိနှင့် ဖိုးချစ်ဇာတ်ပွဲက နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ အသီးသီး ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရိုးရာညမီးကျည်များ၊ မီးပုံးပျံကြီးများနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ကာ ရောင်စုံမီးပန်းများဖြင့် ဖန်ခါးမြေ၏ ညအလှကို ပုံဖော်တင်ဆက်သွားမည်ဖြစ်သည်။

ပွဲတော်ကာလအတွင်း မာယာနတ်သမီးများ၏ တေးသရုပ်ဖော်ဖျော်ဖြေမှုများကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သည် မကွေးမြို့၏ ထင်ရှားသည့် ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုပွဲတော်များအနက် တစ်ခုဖြစ်ပြီး နှစ်စဉ် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာပြည်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။