Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeArticlesအဲ့ဒါမင်းအကြောင်းအတွေး

အဲ့ဒါမင်းအကြောင်းအတွေး

အိမ်မှာမရှိတဲ့အချိန် ကျုပ်ဇနီးကအိမ်မှာမရှိတဲ့အချိန် ကျုပ်ဇနီးက ဘာများလုပ်နေမတုံးလို့ တစ်ခါ မှ မစဉ်းစားခဲ့ဖူးဘူး။ ချစ်စွာသော စာ ဖတ်သူ ဒါဟာကျုပ်က ဇာတ်ကြောင်း ကလေးတစ်ခုကို ပြောပြချင်လို့ အစပျိုး နေခြင်းပါ။ ကျုပ်က အခုရက်ပိုင်းတွေမှာ ဖွင့်ပြောဖို့(တစ်ချိန်က)ရှက်တက်တက် ဖြစ်ခဲ့အကြောင်းအရာတချို့ကို စဉ်းစားကြည့်နေမိတယ်ဗျ။ ကျုပ်က ရှက်တက်တက်ဖြစ်တဲ့အချိန် နည်းပါ တယ်။ နို့ပေမယ့် ရှိခဲ့တဲ့အကြောင်း အရာတွေထဲမှာ ကိုယ်မလိုချင်တာ တွေကလည်း ပါနေတတ်တာမျိုးက လား။ ဘဝဆိုတာ ဒီလိုပါပဲ။ ကံများ ဆိုးချင်တော့ ကျုပ်ဟာအိမ်တွင်းသူခိုး ဘဝကိုတောင် ရောက်ခဲ့သူပါ။ ကျူပ် က ကိုယ့်ကိုယ်ကိုယ် ပိရိလှပြီတွက် ထားပေမယ့် ဒါတွေအားလုံးကို ကျူပ် ဇနီးကသိနေတယ်လေ။ သူက သိ လျက်နဲ့ မသိချင်ယောင်ဆောင်တာ လည်းမဟုတ်ဘူးဗျ။ အကြောင်းတစ်ခု ခုရှိလို့ မျိုသိပ်ထားတာလည်း မဟုတ် ဘူးဗျ။ သူကကျုပ်ကို ဘာမှအပြစ် မမြင်ဘဲ တစ်ခုခုကို ကောင်းစွာ နား လည်ထားပုံမျိုးနဲ့လေ။ သူကျုပ်ကို စိတ်ဆိုးတာ၊ အပြစ်တင်တာ တစ်ခါ လားပဲကြုံဖူးတယ်။

အဲဒါက ကျုပ်ည တစ်ရေးနိုး ဗိုက်ဆာဆာနဲ့ ဆန်အိုး ထဲက သရက်သီးမှည့်ကြီးသူမသိအောင် ယူစားတာကိုပဲ။  အဲဒီတုန်းက ကျုပ်မူးပြီး အိပ်ပျော်သွားတာ။ အပြင်မှာ သူငယ်ချင်းတွေနဲ့ သောက်လာတာလေ။ နိုးလာတော့ ဗိုက်ထဲမှာ ဟာပြီးဆာနေ တယ်။ အဲဒီတော့မှ ညစာမစားရသေး တာကို သတိရလာတယ်။ အချိန်က သန်းခေါင်ကျော် နာရီပြန် ၁ ချက် တီးလောက်မှာ။ ကျုပ်အိမ်အောက် ကိုဆင်းပြီး စားစရာတစ်ခုခုရှာတယ်။ ကြောင်အိမ်ကိုဖွင့်ကြည့်တော့ ပန်း ကန်တွေအားလုံး ပြောင်စင်အောင် ဆေးထားတယ်။ ထမင်းအိုးကို ဖွင့် ကြည့်တော့ ထမင်းတစ်စေ့တောင်မရှိ ဘူး။ ပြောင်နေအောင်ဆေးထား တယ်။ ဒယ်အိုးတွေကလည်း ဆေးပြီး အိမ်တိုင်သံငုတ်မှာ ချိတ်ထားတယ်။ ကျုပ်လည်းစဉ်းစားမရတာနဲ့ ဆန် အိုးကိုဖွင့်ကြည့်မိတယ်။ ဘာမှမရှိ ဘူး။ ဒါပေမဲ့ ဖြစ်ပုံက ကျုပ်ဆန်တွေ ထဲ လက်ထိုးသွင်းပြီး နှိုက်ကြည့်တော့ အဲဒီမှာ သရက်သီးမှည့်ကြီးကို တွေ့ရ တော့တာပါပဲ။ ဘာပြောကောင်း မလဲ။ ကျူပ်အခွံတောင်မသင်ဘဲ ဒီ အတိုင်းကိုက်ဖဲ့ပြီးစားပစ်တာ။

ကျုပ် ဘဝမှာ  သရက်သီးမှည့် အရသာကို ကောင်းကောင်းသိခဲ့ရတဲ့ အချိန်ဆို ပါတော့လေ။ ကျုပ်သရက်စေ့ကို မီးဖိုချောင်တံခါးဖွင့်ပြီး အမှောင်ထဲ လွှင့်ပစ်လိုက်တယ်။ (နောင်အခါတွင် ထိုသရက်စေ့မှသရက်ပင် ပေါက်လာ ပါသည်။) သရက်သီးစားပြီး ကျုပ်ရေ ငတ်လာတာကြောင့် ရေအိုးစင်သွား ပြီး ရေနှစ်ခွက်လောက် ဆင့်သောက် လိုက်တယ်။ ကျုပ်က ရေလည်းကြိုက် တဲ့သူပါ။ (ထိုစဉ်က ရေခရေဇီကဗျာ သူမရေးရသေးပေ။) ကျုပ်က ရေကိုမြိန်မြိန်ရှက်ရှက် သောက်တယ်။ ဒါမျိုးကြုံဖူး ကြမှာပါ။ ပြီးတော့ ကျုပ်ဘာလုပ်တယ်ထင်လဲ။ ထင်းရှူးသေတ္တာလေးပေါ် စာရွက် ဖြန့်ခင်းပြီး စာရေးတာပေါ့လေ။ (ထို အချိန်က သူသည်စာရေးဆရာ ပီပီ သသမဖြစ်သေးပေ။) ကျုပ်ဇနီးမှာ အံ့အားသင့်စရာကောင်းတာရှိသဗျ။ ကျုပ်အိပ်ရာနေရာ သူ့နံဘေးကထပြီး အပြင်သွားရင်(သူသည် ရံဖန်ရံခါည များတွင် ညဥ့်နက်ချိန်၌ မိုးအလင်း ဖွင့်သော ကဖေးဆိုင်သို့သွား၍ လက် ဖက်ရည်ပူပူကိုမှာသောက်တတ် သည်။) အဲဒီလိုသူ့ဘေးမှာ အိပ်နေ ရာကထပြီး အပြင်သွားရာကနေ ပြန်လာပြီ ဆိုပါတော့။ ကျုပ်ဇနီးက နိုးနေသဗျ။ သူကကျုပ်ကို လှမ်း ကြည့်ပြီး..

“ခုနကမင်းဘယ်သွားလိုက် တာလဲ”လို့မေးသဗျ။ ဒါက ကျုပ်စပ် မိလို့ ပြောပြတာပါ။ အံမယ် ကျုပ် အကြောင်းကိုသူက အကုန်သိနေ သလိုပဲဗျ။ မနက်လင်းလို့ အချိန်တန်ရင် ကျုပ်အလုပ်ထဲကို သွားတယ်။ မိကျောင်းဘီးကလေးနဲ့ပေါ့။ ဒီနေရာ မှာ ကျုပ်ပြောချင်တဲ့ ဇာတ်ကြောင်း ကလေးရောက်လာပြီ။ အစမှာချီထား သလိုပေါ့။ ကျုပ်အိမ်မှာမရှိတဲ့အချိန် ကျုပ်ဇနီးက ဘာများလုပ်နေမတုံးလို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ (သူ သည် သူငယ်စဉ် စတုတ္ထတန်း ကျောင်းသားအရွယ်က ကျောင်း တက်နေစဉ် အိမ်၌ရှိနေသော မိခင် ကို စိတ်မချဘဲ ပူပန်ခဲ့ဖူးသူဖြစ် သည်။)ကျုပ်အလုပ်သိမ်းချိန်မတိုင် ခင် နေ့လယ်ကြီးမှာ အိမ်ကိုပြန် ရောက်သွားတယ်။ အိမ်ပေါက်ရောက် မှ ကျုပ်ဇနီးမဝင်းမေ ဘာများလုပ် နေပါလိမ့်လို့ စဉ်းစားမိတော့ကာ။ သူက အိမ်အောက် ဝရံတာအောက်က ခုတင် ပုကလေးပေါ်ထိုင်လို့ ဆန် ဗန်းကိုတင်ပြီး ခေါင်းကိုငဲ့လို့ ဆန် ရွေးနေတယ်ဗျ။  ဒါပါပဲဗျာ၊ ကျုပ်ပြောချင်တဲ့ ဇာတ်ကွက်ဆိုတာ။ သူဆန်ရွေးတော့ လက်တစ်ဖက်နဲ့ ဆန်ကောထဲက ဆန်ကိုမွှေလိုက်ပုံ၊ ဆန်တွေက အသံ သဲ့သဲ့မြည်လာပုံကို ကျုပ်ကြားခဲ့ရပါ ရဲ့ဗျာ။ ချစ်စွာသော စာရှုသူ၊ ကျုပ် ပြောချင်တာပြောပြီးပါပြီ။ ဘဝဆို တာ ဒီလိုပဲ မဟုတ်ပါလားဗျာ။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071