Home News Local News ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧက စိုက်ပျိုးပြီးစီး

0
66

ကန့်ဘလူ၊ ဩဂုတ် ၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက စုစုပေါင်း ၉၁,၈၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် အစေ့ထုတ်ပြောင်း ၈၅,၀၁၀ ဧကနှင့် ဖူးစားပြောင်း ၇၅၀ ဧက စုစုပေါင်း ၈၅,၇၆၀ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး မေလမှစတင်၍ စိုက်ပျိုးခဲ့ရာ လက်ရှိတွင် လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။


“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပြောင်းစိုက်ပျိုးမှု လျာထားဧကကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သီးနှံအောင်မြင်ဖြစ်ထွန်းရေးအတွက် တောင်သူတွေကို စဉ်ဆက်မပြတ် အသိပညာပေးခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို တိုက်နယ်အလိုက် ကွင်းတာဝန်ခံတွေကလည်း စိုက်ခင်းတွေအရောက် နည်းပညာပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထို့ပြင် ဒေသခံတောင်သူများ၏ သီးနှံဖြစ်ထွန်းအောင်မြင်ရေးနှင့် ဝင်ငွေတိုးတက်စေရေးအတွက် အထွက်နှုန်းကောင်းမျိုးများနှင့် အရည်အသွေးမြင့်မျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ မြေမှန်၊ မျိုးမှန်၊ စိုက်စနစ်မှန်ကန်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here