Friday, September 11, 2026

မန္တလေးနှင့် စစ်ကိုင်းတွင် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ...

မန္တလေး၊ စက်တင်ဘာ ၁၁ နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) နှင့် Center for Vocational...

2026 ASEAN Smoke-Free Award...

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သည် 2026 ASEAN SMOKE-FREE AWARD တတိယဆုကို ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း...

နေပြည်တော်၊ စက်တင်ဘာ ၁၁ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁...
HomeNewsLocal Newsအာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်းတွင် တိုက်စစ်မှူး...

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်းတွင် တိုက်စစ်မှူး စန်းသော်သော်အပါအဝင် ကစားသမား ၄ ဦး ဒ-ဏ်ရာကြောင့် မပါဝင်နိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၁

ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း၌ တိုက်စစ်မှူး စန်းသော်သော် အပါအဝင် ကစားသမား ၄ ဦးသည် ဒ-ဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် ကွင်းလယ်တောင်ပံကစားသမား ယွန်းဝတီလှိုင်၊ သစ္စာအားမာန် ကွင်းလယ်ကစားသမား ခင်မိုမိုထွန်းနှင့် ဧရာဝတီအက်ဖ်စီ နောက်ခံကစားသမား နန်းဖြူဖွေးတို့သည် ဒဏ်ရာပြဿနာများကြောင့် ပဏာမလူစာရင်း ရွေးချယ်စဉ်ကတည်းက ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ဧရာဝတီအက်ဖ်စီ တိုက်စစ်မှူး စန်းသော်သော်သည် အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲများအပြီး လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်း လေ့ကျင့်ခဲ့သော်လည်း ကာလအတန်ကြာ ရရှိထားသည့် ဒ-ဏ်ရာ မသက်သာသဖြင့် ဆေးကုသမှု ခံယူရန် ပြန်လည်စေလွှတ်ခဲ့ရသည်။

အဆိုပါ အခြေအနေများကြောင့် နည်းပြချုပ် ကောလင်းဘဲလ် ရွေးချယ်ထားသည့် အာရှအားကစားပြိုင်ပွဲဝင် အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းတွင် ထိုကစားသမား ၄ ဦး ပါဝင်နိုင်ခဲ့ခြင်း မရှိတော့ပေ။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ပြိုင်ပွဲကျင်းပရာ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ပြိုင်ပွဲတွင် အုပ်စု (B) ၌ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် အသင်းတို့နှင့်အတူ ကျရောက်နေသည်။

အုပ်စုပွဲစဉ်များကို Osaka မြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းသည် စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားနှင့် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ် အသင်းတို့နှင့် အသီးသီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးနှင့် စစ်ကိုင်းတွင် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဆောက်လုပ်ရေး အတတ်ပညာ သင်တန်း စီမံကိန်း ဖွင့်လှစ်

မန္တလေး၊ စက်တင်ဘာ ၁၁ နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) နှင့် Center for Vocational Training (CVT) တို့ ပူးတွဲဦးဆောင်ကာ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) တို့ ပူးပေါင်းဆောင်ရွက်သည့် “ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ စီမံကိန်း” ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့ရှိ...

2026 ASEAN Smoke-Free Award တတိယဆုကို သံဖြူဇရပ်မြို့နယ်က ရရှိ

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သည် 2026 ASEAN SMOKE-FREE AWARD တတိယဆုကို ရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးတိုက်ဖျက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်နိုင်ရန် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆)” နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ 2026 ASEAN SMOKE-FREE AWARD တတိယဆုကို သံဖြူဇရပ်မြို့နယ်အပြင် အင်ဒိုနီးရှားနိုင်ငံ ဒီးပေါ့ခ်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဖိလစ်ပိုင်နိုင်ငံ ပါစစ်မြို့နှင့်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

နေပြည်တော်၊ စက်တင်ဘာ ၁၁ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ လာမည့် ၂၄ နာရီအတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကာ ရေပြင်လေမှာ အနောက် သို့မဟုတ် အနောက်တောင်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071