ယနေ့ ဧပြီ(၁၈)ရက် ညနေ(၃)နာရီအချိန်တွင် အာဆီယံယူ – ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို မြန် မာယူ-၁၇ အသင်းနှင့် ဖိလစ်ပိုင် ယူ-၁၇ အသင်းတို့ ယှဉ်ပြို င်ကစားသွားကြရမည်ဖြစ်သည်။
ယနေ့ ဖိလစ်ပိုင်အသင်းနှင့်ယှဉ်ပြိုင် ကစားမည့်ပွဲစဉ်သည် မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ရန် အရေး ကြီးသည့်ပွဲစဉ်တစ်ခုဖြစ်သည်။
မြန်မာယူ – ၁၇ အသင်းသည် အာဆီယံ ယူ- ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စုအဆင့်၌ လာအိုအသင်းကို ဂိုးမရှိ သရေရလဒ်ကစားထားနိုင်သလို ထိုင်းအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားထားနိုင်သည်။
မြန်မာအသင်းသည် အုပ်စု(B)၌ ထိုင်း ၊ လာအိုနှင့် ဖိလစ်ပိုင်အသင်းတို့နှင့် အုပ်စုကြပ်အတွင်းတစ်အုပ်စုတည်းကျရောက်နေခဲ့ခြင်းလည်းဖြစ်သည်။
ပြိုင်ပွဲအတွင်း အုပ်စု(၃)စုအနက် ပါဝင်အုပ်စုပထမရရှိသည် (၃)သင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် (၁) သင်း၊ စုစုပေါင်း (၄)သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရမည်ဖြစ်သည်။
အာဆီယံ ယူ-၁၇ ချန်ပီယံရှစ် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်များအနက် မြန်မာယူ-၁၇ အသင်းပွဲစဉ်ကို Channel 7 ရုပ်သံမှတဆင့်တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ – ဧပြီလ (၁၅)ရက်က ထိုင်းယူ-၁၇ အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရစဉ်က အောင်ပွဲခံနေသည့် မြန်မာယူ-၁၇ အသင်း၏ မြင်ကွင်းပုံရိပ်