Saturday, April 18, 2026

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊...

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့်...

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်...

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃...

မုဒုံမြို့နယ်ရှိ Puma Power International...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက ဧပြီ ၁၈ ရက်နံနက်ပိုင်းတွင်...

မြန်မာယူ-၁၇ အမျိုးသမီးအသင်း ၂၀၂၆ ခုနှစ်...

တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ယနေ့ ဧပြီ ၁၈ ရက်က တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့သည်။ တရုတ်နိုင်ငံ၏ ရာသီဥတုနှင့်...
HomeNewsLocal Newsဇီးကုန်း လေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်၊...

ဇီးကုန်း လေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်၊ အသုံးအဆောင်နှင့် အလှူငွေများထောက်ပံ့ ပေးအပ်

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ပဲခူးတိုင်းဝန်ကြီးချုပ်က အစားအသောက်၊ အသုံးဆောင်နှင့်အလှူငွေများကို ယနေ့ဧပြီ(၁၈) ရက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲကို ဇီးကုန်းမြို့နယ် အ မှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆန် ဆီနှင့် အသုံးအဆောင်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများအား လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ် သည်။

ယနေ့တွင် ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့်အဖွဲ့သည် ကရင်ကုန်းကျေးရွာရှိ အမိုးလန်နေအိမ်များအား ပြန်လည်ပြုပြင်နေမှုအားကြည့်ရှု၍ လိုအပ်သည်များကိုလည်း လမ်းညွှန်မှာကြားကာ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ ဧပြီ (၁၇) ရက် ညနေ (၅) နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၈)အုပ်စုအတွင်းနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ခြင်း၊ လူနေအိမ်အချိုပြိုလဲခြင်း၊ ရန်ကုန်-ပြည် မော်တော်ကားလမ်းတစ်လျှောက်နှင့် လမ်းသွယ်များအတွင်း သစ်ပင်များပြိုလဲခြင်း၊ မီးတိုင်အချို့ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အမိုးလန်နေအိမ် (၃၇၅) လုံး၊ ဘုန်းတော်ကြီးကျောင်း(၅) ကျောင်းနှင့် စာသင်ကျောင်း (၇) ကျောင်း အမိုးလန်၍ လူနေအိမ် (၁၀) လုံးပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်များမှ တရားဒေသနာတော်များရွတ်ဆိုပူဇော်ပေးပြီး သံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံအမတ်ကြီးမှ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ဆီထမင်း၊ ကြာဇံကြော်၊ သစ်သီးတို့ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နှင့် ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) များတွင် မြန်မာသံရုံး အိမ်ရာပရဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီး ဒေါ်ချိုချိုစိုး၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် ဇနီးတို့အပြင်...

မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းကို ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး   မိုးရာသီရောက်တော့မည်ဖြစ်၍ စိုက်ပျိုးရေးအတွက် ဆီရရှိရေးကြိုတင်ဆောင်ရွက်ရန်မှာကြား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက ဧပြီ ၁၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင်တန်းစီဝယ်ယူနေရခြင်းအတွက် တန်းစီစောင့်ဆိုင်းနေရမှုနည်းပါးအောင်ဆောင်ရွက်ရန်၊ စက်သုံးဆီများအား ယာဉ်များအတွက်သာမက မိုးရာသီရောက်ရှိတော့မည်ဖြစ်၍ စိုက်ပျိုးရေးအတွက်ပါ ဆီရရှိရေးကြိုတင်ဆောင်ရွက်ရန်၊ စက်သုံးဆီအားပြတ်လပ်မသွားစေရေးအတွက် လက်ရှိအခြေအနေအတိုင်းထိန်း သိမ်းထားရန်၊ နွေရာသီဖြစ်၍ စက်သုံးဆီသိုလှောင်ထားမှုနေရာများ မီးဘေး Safely ဖြစ်အောင်ဆောင် ရွက်ထားရန်မှာကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများက Puma Power International Port Terminal ဆိပ်ကမ်းသို့လာရောက်သည့် လမ်းများပိုမိုကောင်းမွန်ရန်လိုအပ်မှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071