ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ပြည်သူ့အစိုးရမှ ရက် (၁၀၀) စီမံချက်အစီအစဉ်တွင် အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ ရသင့်ရထိုက်သောမြေဌားဂရန်နှင့် စက်မှုမြေငှားဂရန်များ၊ လဝက၏ အိမ်ထောင်စုဇယား ပုံစံ(၁၀)နှင့် နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အ ဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ် မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရို-က်ကူးပေးခြင်းနှင့် E – ID Server ရှိ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ်ပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းတို့ကို ဧပြီ လ(၂၀) ရက်မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြော င်း သိရသည်။
အစိုးရ၏ ရက် (၁၀၀) စီမံကိန်းလုပ်ဆောင်မည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းဝေးခန်းမတွင် ဝန်ကြီးချုပ်ကျမ်းသစ္စာကျိန်ဆိုအပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းလဲ သိရသည်။
