Saturday, April 18, 2026

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး...

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ဆရာတော်ကြီးများမှ ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်းပေးခဲ့ကြသည်။ မာရဝိဇယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသောဆရာတော်ကြီး(၆)ပါးက တပ်မတော်ရဟတ်ယာဉ်ဖြင့်...

ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်...

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development...

ဟော်မုဇ်ရေလက်ကြားကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း “ဖွင့်လှစ်ထားမည်” ဟု...

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလများအတွက် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် "အပြည့်အဝ ဖွင့်လှစ်ပေးမည်" ဟု အီရန်က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ...

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု...
HomeMoviesမန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊...

မန္တလေး စက်မှုဇုန်အနီး မြေကွက်အရောင်းအဝယ်တက်လာ၊ မြို့နယ် ၃ ခုတွင် ငှားရမ်းလိုမှုမြင့်တက်

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်သည့် မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး စီးပွားရေးလုပ်ငန်းများမှ ငှားရမ်းလိုမှုလည်း မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

အထူးသဖြင့် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် ချမ်းအေးသာစံ မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ၏ မြေနေရာငှားရမ်းလိုမှု အများဆုံး ဖြစ်ပေါ်နေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များက ပြောသည်။

“မန္တလေးမှာ စက်မှုဇုန်နားနီးတဲ့ မြေကွက်ကျယ်တွေကို ပိုပြီး စိတ်ဝင်စားကြတယ်။ အဲဒီနေရာတွေမှာ အရောင်းအဝယ်လည်း ပိုဖြစ်လာတယ်။ အငှားဈေးနှုန်းတွေလည်း တက်လာပါတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်ခန်းဖွင့်ချင်သူတွေကြောင့် ဖြစ်ပါတယ်” ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အချက်အချာကျသည့်နေရာများ၌ ကုမ္ပဏီများနှင့် အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ကျယ်ဝန်းသည့် မြေနေရာများ လိုအပ်မှုမြင့်တက်နေကြောင်း သိရသည်။

ထို့ပြင် အိမ်နှင့်ခြံ အရောင်းအဝယ်များမှာ ငြိမ်သက်နေသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် ငှားရမ်းလိုမှုသည် ဆက်လက် မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။

အိမ်ခြံမြေဈေးကွက်အတွင်း မြေကွက်များ၏ တန်ဖိုးမှာ နေရာနှင့် အကျယ်အဝန်းအပေါ်မူတည်၍ သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ရင်းနှီးမြှုပ်နှံမှုများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်း

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ဆရာတော်ကြီးများမှ ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်းပေးခဲ့ကြသည်။ မာရဝိဇယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသောဆရာတော်ကြီး(၆)ပါးက တပ်မတော်ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝေဟင်မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို လှည့်လည်ရွတ်ဖတ်တော်မူခဲ့ကြခြင်းဖြစ်သည်။

ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် မြန်မာနှင့် ရုရှား လက်မှတ်ရေးထိုး

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund “RC Investments” တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွှန်လွှာ (Memorandum Of Cooperation) ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့်...

ဟော်မုဇ်ရေလက်ကြားကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း “ဖွင့်လှစ်ထားမည်” ဟု အီရန်က ကြေညာခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ထိုးဆင်း

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလများအတွက် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် "အပြည့်အဝ ဖွင့်လှစ်ပေးမည်" ဟု အီရန်က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။ သောကြာနေ့အစောပိုင်းတွင် တစ်စည်လျှင် ၉၈ ဒေါ်လာအထက် ရှိခဲ့သော ဘရန့်ခရုဒ်(Brent crude) ရေနံစျေးနှုန်းသည် အဆိုပါထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ၈၈ ဒေါ်လာ (၆၅ ပေါင်) အထိ ကျဆင်းသွားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ဘက်ရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ၎င်းမှတစ်ဆင့် ပုံမှန်သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071