Friday, May 1, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...
HomeCelebrities' Newsအရင်တုန်းကဆိုရင် မြန်မာပြည်က နာမည်ကြီးမင်းသားတွေကိုပဲ...

အရင်တုန်းကဆိုရင် မြန်မာပြည်က နာမည်ကြီးမင်းသားတွေကိုပဲ ရိုက်ကူးရက်တွေစောင့်နေရတယ် ခင်ဇာခြည်ကျော်

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နာမည် ကြီးမင်းသားမင်းသမီးပါဝင်သရုပ်ဆောင်မှမဟုတ်ဘဲ ဇာတ်လမ်းကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေဆိုရင် ဘယ်သူပဲသရုပ်ဆောင်ဆောင် ပရိသတ်လက်ခံပြီး အားပေးလာတဲ့အပေါ် ပရိသတ်တွေ ကို ကျေးဇူးတင် မိတယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။

“ပရိသတ်တွေအနေနဲ့ ခေတ်တွေလည်းမီလာပြီ။ အခုဆို ရင် ကလေးတွေရဲ့ဇာတ်ကား(ဆယ်လီ)ကို ပရိသတ် ကြိုက် ကြတယ်။ အဓိကဇာတ်လမ်းတစ်ခုကောင်းဖို့ပဲ။ ဇာတ်လမ်း ကောင်းမယ်။ ဇာတ်အိမ်ကို ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးမယ်ဆိုရင် မင်းသားနာမည်ကြီးမှ မင်းသမီးနာမည်ကြီးမှမဟုတ်ဘဲ မြန်မာ ပြည်မှာ လက်ခံတဲ့ ပရိသတ်တွေရှိလာပြီ။ အဲဒီအတွက် တော်တော်ကြီးကိုအားရှိစရာဘဲ။ အစ်မလည်း ပရိုဂျူဆာလုပ် ဖူးတယ်လေ။ မင်းသားကြီး၊ မင်းသမီးကြီးတွေကို ပြောချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းကဆိုရင် မြန်မာပြည်က နာမည်ကြီး မင်းသားတွေကိုပဲ ရိုက်ကူးရက်တွေ စောင့်နေရ တယ်။ အခုဆိုရင်အကုန်လုံးကိုလက်ခံလာတယ်ဆိုတော့ တို့တွေက ဇာတ်လမ်းကောင်းကောင်းကိုပဲ ရှာရတော့မယ်။ ဇာတ်လမ်း ကောင်းကောင်းနဲ့ ပီပီပြင်ပြင်ရိုက်ကူး ပေးဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့ အဲဒီ အတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နာမည် ကြီးမင်းသားမင်းသမီးပါဝင်သရုပ်ဆောင်မှမဟုတ်ဘဲ ဇာတ်လမ်းကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေဆိုရင် ဘယ်သူပဲသရုပ်ဆောင်ဆောင် ပရိသတ်လက်ခံပြီး အားပေးလာတဲ့အပေါ် ပရိသတ်တွေ ကို ကျေးဇူးတင် မိတယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။ “ပရိသတ်တွေအနေနဲ့ ခေတ်တွေလည်းမီလာပြီ။ အခုဆို ရင် ကလေးတွေရဲ့ဇာတ်ကား(ဆယ်လီ)ကို ပရိသတ် ကြိုက် ကြတယ်။ အဓိကဇာတ်လမ်းတစ်ခုကောင်းဖို့ပဲ။ ဇာတ်လမ်း ကောင်းမယ်။ ဇာတ်အိမ်ကို ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးမယ်ဆိုရင် မင်းသားနာမည်ကြီးမှ မင်းသမီးနာမည်ကြီးမှမဟုတ်ဘဲ မြန်မာ ပြည်မှာ လက်ခံတဲ့ ပရိသတ်တွေရှိလာပြီ။ အဲဒီအတွက် တော်တော်ကြီးကိုအားရှိစရာဘဲ။ အစ်မလည်း ပရိုဂျူဆာလုပ် ဖူးတယ်လေ။ မင်းသားကြီး၊ မင်းသမီးကြီးတွေကို ပြောချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းကဆိုရင် မြန်မာပြည်က နာမည်ကြီး မင်းသားတွေကိုပဲ ရိုက်ကူးရက်တွေ စောင့်နေရ တယ်။ အခုဆိုရင်အကုန်လုံးကိုလက်ခံလာတယ်ဆိုတော့ တို့တွေက ဇာတ်လမ်းကောင်းကောင်းကိုပဲ ရှာရတော့မယ်။ ဇာတ်လမ်း ကောင်းကောင်းနဲ့ ပီပီပြင်ပြင်ရိုက်ကူး ပေးဖို့ပဲ လိုပါတယ်။ ဒါကြောင့်မို့ အဲဒီ အတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာ ဒါရိုက်တာ ရွှေရေးထင်ထင်ရိုက်ကူးတဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် မယ့် ခင်ဇာခြည်ကျော်က ဒီဇာတ်ကားဟာ ခေတ်မီတဲ့ ဇာတ် ကားတစ်ကားပါလို့ ဆိုပါတယ်။ “အစ်မအနေနဲ့ အရင်တုန်းကဆိုရင် ရိုးရိုးယဉ်ယဉ်တွေ ဒရာမာ တွေရိုက်ကူးတယ်။ ဟာသဇာတ်တွေရိုက်တယ်။ ဒါတွေပဲ ရိုက်ခဲ့တာများတဲ့အတွက် အခုဇာတ်ကားကတော့ ကာရိုက်တာ နည်းနည်းဆန်းတယ်။ ဒီအတိုင်းကြည့်ရင် အစ်မရဲ့ကာရိုက်တာက အိမ်ထောင်ရှိတယ်။ ဒါပေမဲ့ အိမ် ထောင်ရေးမှာ သာယာမှုတွေမရှိတဲ့အတွက် ဇေရဲထက်ကို စပွန်ဆာပေးတယ်။ ကောင်လေးနဲ့ငြိနေတယ်။ ဇာတ်လမ်းက ကိုရီးယားဆန်တယ်။ ခေတ်မီတဲ့အဝတ်အစားတွေ ဝတ်ရမယ်။ အိုက်တင်ဆန်းတွေ လုပ်ရမယ်။ ရွှေရေးရဲ့ဇာတ်ညွှန်းက တော် တော်လေးကောင်းတယ်။ စကားလုံးတွေက အသစ်တွေဖြစ် နေတယ်။ ပရိသတ်တွေကတော့ အစ်မကို အဲဒီကာရိုက်တာနဲ့ မရိုက်ပါနဲ့လို့ပြောလာမလား တော့မသိပါဘူး။ ဒါပေမဲ့ အစ်မ အနေနဲ့ ကိုယ်ပါဝင်တဲ့ဇာတ်ရုပ်ကိုတော့ အတတ်နိုင်ဆုံး အ ကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားမှာပါ” လို့ပြော ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071