Home News Local News အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ကြရန် ကုလသမဂ္ဂ သတိပေး

အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများ ကြိုတင်ပြင်ဆင်ကြရန် ကုလသမဂ္ဂ သတိပေး

0
215

ကမ္ဘာတစ်ဝန်း အပူချိန်အလွန်အမင်းမြင့်မားလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာနိုင်သည့် အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ရန် ၉၀ ရာခိုင်နှုန်းအထိ သေချာနေပြီဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) ကဇွန် ၂ ရက်နေ့ က အသိပေး ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုအခြေအနေကို အရေးပေါ်ရာသီဥတုသတိပေးချက်အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများအနေဖြင့် အထူးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် သတိပေးထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က “ လက်ရှိဖြစ်ပေါ်နေသည့် အယ်နီညိုအခြေအနေများသည် ပူနွေးနေသော ကမ္ဘာမြေကြီး၏မီးပုံထဲသို့ ဆီလောင်းလိုက်သကဲ့သို့ ဖြစ်လာနိုင်ပြီး၊ ၎င်း၏ရာသီဥတုရိုက်ခတ်မှုများသည် ပိုမိုပြင်းထန်ကာ နယ်စပ်များကို ဖြတ်ကျော်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း “ လည်း သတိပေးပြောကြားထားသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပြင်းထန်သော အပူလှိုင်းများဖြတ်သန်းခြင်း မိုးခေါင်ရေရှားခြင်းနှင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်းစသည့် ဆိုးရွားသော ရာသီဥတုဘေးအန္တရာယ်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here