Saturday, June 6, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU...

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနှင့် မြန်မာကုမ္ပဏီများအကြား ဇွန်လ ၅ ရက်က...

နိုင်ငံအတွင်း စက်သုံးဆီ သိုလှောင်ထားရှိမှု ရက်...

သီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစီးရှိ နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်း သိုလှောင်ထားမှုအနေဖြင့် ဓါတ်ဆီအုပ်စုတွင် ရက် (၄၀) ၊ ဒီဇယ်အုပ်စုတွင်...

UNHCR ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များအား...

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby...

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ...

ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeMoviesလျှပ်စစ် မီတာဖတ် သည့်...

လျှပ်စစ် မီတာဖတ် သည့် စနစ်တွင် ရုရှားနည်းပညာဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် အချိန် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

ရုရှား၏ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များနှင့် လက်ရှိအသုံးပြုနေသည့် စနစ်တွင်ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနှင့် မြန်မာကုမ္ပဏီများအကြား ဇွန်လ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ MoU ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး စာချွန်လွှာများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention...

နိုင်ငံအတွင်း စက်သုံးဆီ သိုလှောင်ထားရှိမှု ရက် ၄၀ စာ သိုလှောင်ထားရှိ

သီလဝါတွင် ဆီချရန် ရောက်ရှိနေသည့် ဆီတင် သင်္ဘော သုံးစီးရှိ နိုင်ငံတော်အတွင်း စက်သုံးဆီတင်သွင်း သိုလှောင်ထားမှုအနေဖြင့် ဓါတ်ဆီအုပ်စုတွင် ရက် (၄၀) ၊ ဒီဇယ်အုပ်စုတွင် ၅၄ ရက်အတွက် သိုလှောင်ထားရှိထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ သီလဝါတွင် ဆီချရန်ရောက်ရှိနေသည့် ဆီတင်သ‌‌င်္ဘောသုံးစင်း၊ လမ်းခရီးတွင်ရောက်ရှိနေသည့် တစ်စင်း၊ တစ်ဖက်နိုင်ငံဆိပ်ကမ်းတွင် ဆီတင်နေသည့် တစ်စင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းနေသည့် ငါးစင်း စုစုပေါင်း ၁၀ စင်းရှိပြီး အစီအစဉ်အတိုင်း စက်သုံးဆီ ပုံမှန်ဝင်ရောက်လျှက်ရှိကြောင်းလည်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများ လုံလောက်စွာသုံးစွဲနိုင်‌​ရေးတွက်...

UNHCR ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များအား အသိပေးဆောင်ရွက်ရန် လဝကဝန်ကြီး တိုက်တွန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones တို့ ဇွန် ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း UNHCR ဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအား ကြိုတင်အသိပေးဆောင်ရွက်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော NGO နှင့် INGO အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် UNHCR အနေဖြင့် သတင်းအချက်အလက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071