Saturday, June 6, 2026

UNHCR ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များအား...

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby...

လျှပ်စစ် မီတာဖတ် သည့် စနစ်တွင်...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir...

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)အကြီးအကဲ နှင့် လူကယ်ပြန်...

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organi-zation for...

ပူတာအိုမြို့အတွက် ထောက်ပံ့ပစ္စည်းများကို မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်ဖြင့်ပို့ဆောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် နိုင်ငံတော်အစိုး ရမှထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများကို ဇွန် ၅ ရက်က မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်များဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာ အုပ်များ၊...
HomeMoviesပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊...

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော

ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။

ယမန်နေ့ က  ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရွာဟောင်းကြီး ရေကန်တူးဖော်ထားမှု၊ Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှု၊ ရွှေနန်းရင်တော်ကန်-၁ ရေကန်ဆယ်ယူထိန်းသိမ်းထားမှု၊ ဓမ္မရံကြီးဂူဘုရားနှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ ဖိုးသူတော်ကန်နှင့် ညောင်လက်ဖက်ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်ရန်၊ ဓမ္မရံကြီးနှင့် စူဠာမဏိဂူဘုရားများ၏ တံတိုင်းအတွင်းတွင် ရေမဝပ်အောင် ရှေးဟောင်းရေထွက်ပေါက်များမှ ရေထွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရန်၊
ဘုရားများ၏အပေါ် ပေါင်းမိုးများမှ အုတ်အချို့ ဆွေးမြည့်နေမှုနှင့် အက်ကြောင်းများ အစားထိုးဖာထေးပြုပြင် ထိန်းသိမ်းရန်၊ လည်း ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UNHCR ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင်များအား အသိပေးဆောင်ရွက်ရန် လဝကဝန်ကြီး တိုက်တွန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones တို့ ဇွန် ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း UNHCR ဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအား ကြိုတင်အသိပေးဆောင်ရွက်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသော NGO နှင့် INGO အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် UNHCR အနေဖြင့် သတင်းအချက်အလက်များ...

လျှပ်စစ် မီတာဖတ် သည့် စနစ်တွင် ရုရှားနည်းပညာဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် အချိန် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ ရုရှား၏ ကိုယ်ပိုင်နည်းပညာဖြင့်...

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)အကြီးအကဲ နှင့် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး တို့တွေ့ဆုံ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organi-zation for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့‌က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာနနှင့် IOM တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071