Saturday, May 23, 2026

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့်...

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန...

ဧရာဝတီတိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးမှုတိုးမြှင့်နိုင်ရေး ၆၆ ကေဗွီ...

ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် ကညင်ဆည်၌ တည်ဆောက်နေသော ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ်...

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက...

မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃...

မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ...
HomeNewsLocal Newsအနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ...

အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရေး ကျောင်းသား/သူများကို ပြုစုပျိုးထောင်ရန် ဒုတိယသမ္မတ တိုက်တွန်း

ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မေ ၂၂ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတသည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ကို သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် “ကျောင်းအပ်နှံရေး သီတင်းပတ်” အတွင်း ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးအတွက် စနစ်တကျစီမံထားရှိမှုများ၊ အခမဲ့ထောက်ပံ့ပေးမည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ အသင့်ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ၊ အတတ်ပညာများ တတ်မြောက်စေရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာစေရန် ဆရာ၊ ဆရာမများအနေဖြင့် အလေးထား ပြုစုပျိုးထောင်ပေးကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့် လက်တွဲဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားလိုက်သည်။ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တရားဝင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒွန်တွဲမှု ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည် ကင်းကွာ၍မရဘဲ ဒွန်တွဲလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်...

ဧရာဝတီတိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးမှုတိုးမြှင့်နိုင်ရေး ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် ကညင်ဆည်၌ တည်ဆောက်နေသော ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထုတ်လုပ်မည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်–ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့်...

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊ လယ်ကိုင်းကျေးရွာထိပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရ      

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက မေလ (၂၂) ရက်၌ လာရောက် ကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။     နယ်စပ်ရေးရာ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေဆုံခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စိစဥ်ဆောင်ရွက်ထားရှိကြောင်း၊ ကျောင်းရှိ နည်းပြများ၏ သင်ကြားမှု နည်းစနစ်များအား လိုအပ်သည်များ မှာကြားကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။               လက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071