Saturday, May 23, 2026

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ...

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ဇွန် ၂၆...

ရေစကြိုမှ လက်မှုလုပ်ငန်းများ ဈေးကွက်တင်ပို့အခက်ခဲကြောင့် ရပ်နားမှုများပြားလာ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ်သည့် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့်...

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက်...

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် ကအထက်ပါအတိုင်းပြောကြားခဲ့သည်။ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က...

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့်...

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန...
HomeNewsLocal Newsနယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊...

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊ လယ်ကိုင်းကျေးရွာထိပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရ      

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက မေလ (၂၂) ရက်၌ လာရောက် ကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။     
နယ်စပ်ရေးရာ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေဆုံခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စိစဥ်ဆောင်ရွက်ထားရှိကြောင်း၊ ကျောင်းရှိ နည်းပြများ၏ သင်ကြားမှု နည်းစနစ်များအား လိုအပ်သည်များ မှာကြားကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။              

လက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်အဆောက်အဦးအဖြစ် အသုံးချသွားမည်ဖြစ်သောကြောင့် ယခုအခါ မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊ လယ်ကိုင်းကျေးရွာထိပ်တွင်ပြောင်းရွှေ့ဖွင့်လှစ်မည်ဟု  မြို့မိမြို့ဖတစ်ဦးထံမှ သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ စက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ကျင်းပမည်

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) မှ (၆၄) ကြိမ်မြောက် မြန်မာနိုင်ငံစက်ဘီးစီးတံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ ကို ရန်ကုန်မြို့၌ ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၂၆ ရက်တွင် Road Race ပြိုင်ပွဲအား လှည်းကူးမြို့နယ်၊ ဇွန် ၂၇ ရက်တွင် MTB XCO ပြိုင်ပွဲအား တိုက်ကြီးမြို့နယ်ရှိ Mirror Mountains ၊ ဇွန် ၂၈ ရက်တွင် Criterium ပြိုင်ပွဲအား...

ရေစကြိုမှ လက်မှုလုပ်ငန်းများ ဈေးကွက်တင်ပို့အခက်ခဲကြောင့် ရပ်နားမှုများပြားလာ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ဒေသထွက်လက်မှုပစ္စည်းဖြစ်သည့် စကော၊ စကာယက်လုပ်ငန်းများမှာ ဈေးကွက်သို့ တင်ပို့ရောင်းချရန် ခက်ခဲလာမှုကြောင့် လုပ်ငန်းအများအပြား ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။ နယ်မြေအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းတင်ပို့မှုများ အခက်အခဲဖြစ်ပေါ်နေပြီး ဒေသထွက်လက်မှုပစ္စည်းများကို ပြင်ပဈေးကွက်သို့ တင်ပို့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။ “အခုကတော့ အတော်များများ ရပ်ထားကြတာပေါ့။ သွားလာရတာ မလွယ်ဘူး။ ကုန်ပစ္စည်းသယ်ဖို့လည်း ခက်တယ်။ နယ်မြေဒေသကလည်းသိပ်မတည်ငြိမ်တော့ ပိုဆိုးတယ်။ တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ဆက်လုပ်နေကြသေးတယ်” ဟု ရေစကြိုမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ဝါးဖြင့်ယက်လုပ်ထားသည့် စကော၊ စကာနှင့် တောင်းများမှာ ရေစကြိုဒေသ၏...

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက် ကျေးရွာ ၆၀ ကျော်တွင် ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင် ကအထက်ပါအတိုင်းပြောကြားခဲ့သည်။ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့်အခမ်းအနားဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြောသည်။ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071