ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် ကညင်ဆည်၌ တည်ဆောက်နေသော ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထုတ်လုပ်မည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်–ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် မေ ၂၃ ရက်နှင့် မေ ၂၄ ရက်တို့တွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့ ချိတ်ဆက်ဆောင်ရွက်ရာတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သဖြင့် အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
