မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၂ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။
မိုးတိမ်တောင်များသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများအပြင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယင်းမိုးတိမ်တောင်များ ရွှေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဆိုင်ရာ အန္တရာယ်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးကြိုးအန္တရာယ်၊ လေပြင်းအန္တရာယ်နှင့် မိုးသီးကြွေမှုများကို ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။
