Tuesday, August 11, 2026

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀...

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည်...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15...

ထားဝယ်၊ ဩဂုတ်-၁၁ ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့်...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက...

နေပြည်တော်၊ ဩဂုတ် ၁၁အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့...
HomeInternationalကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ...

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိရှိလာ

ကိုလံဘီယာ ငလျင်ကြောင့် သေဆုံးသူ ၁၃၂ ယောက်အထိ တိုးလာပြီး ရာနဲ့ချီ ဒဏ်ရာရသွားတယ်လို့ အသင်းအဖွဲ့တစ်ခုက ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနိုင်ငံမှာ စံချိန်တင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုလံဘီယာ အနောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၄ ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၂ ယောက် သေဆုံးပြီး ၅၇၀ ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ မြို့တော်များ အသင်းက ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး သမားတွေဟာ ပြိုကျနေတဲ့ အပျက်အစီးတွေ အောက်ကနေ လူတွေကို လုယက် တူးဖော် ကယ်ထုတ်နေကြပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံတွေထဲမှာ ကာလီ (Cali) မြို့က ဆေးရုံတစ်ရုံရဲ့ ကလေးဆောင်နဲ့ မွေးကင်းစ ကလေးဆောင်တွေလည်း ပါဝင်နေပါတယ်။ အစိုးရကတော့ အမျိုးသား သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေအဖြစ် ကြေညာလိုက်ပြီး အဲဒီဒေသဆီ စစ်တပ်ကို စေလွှတ်ထားပါတယ်။

ငလျင်ဗဟိုချက်ကတော့ ဘိုဂိုတာ (Bogotá) မြို့ရဲ့ အနောက်ဘက် မိုင် ၁၅၀ လောက်အကွာ၊ ကိုလံဘီယာ အနောက်ပိုင်း ဖွံ့ဖြိုးမှု နည်းသေးတဲ့ San José del Palmar ဒေသမှာ ဖြစ်ပါတယ်။ မြို့တော်မှာလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး သတိပေး ဥဩသံတွေ ထွက်ပေါ်လာတာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူတွေ လမ်းပေါ် ဆင်းပြေးခဲ့ကြရပါတယ်။

ကိုလံဘီယာ အနောက်ပိုင်း ပီရဲရား (Pereira) မြို့က ကေဘယ်ကားစနစ်ပေါ်ကနေ လူ ၁၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြို့တော်ဝန်ရုံးကပြောပါတယ်။

မနက်ပိုင်း အင်အားပြင်း ငလျင်လှုပ်တုန်းက ခရီးသည်တွေဟာ ကေဘယ်ကားတွဲတွေထဲမှာ ရှိနေခဲ့ကြတာဖြစ်ပြီး၊ ၆ နာရီလောက်အကြာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲလောက်မှာတော့ ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်ခဲ့တာပါ။

ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း ပီရဲရားမြို့ရဲ့ ကေဘယ်ကား ပြေးဆွဲမှုကို နောက်ထပ် အကြောင်းမကြားမချင်း ခေတ္တရပ်နားထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေဘယ်ကားတွေဟာ ကိုလံဘီယာမှာ လူကြိုက်များတဲ့ အများပြည်သူသုံး သွားလာရေးစနစ်တစ်ခုဖြစ်ပြီး တောင်ကုန်းပေါ်က စီးပွားရေး/လူနေ ရပ်ကွက်တွေကို မြို့လယ်ခေါင်နဲ့ ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။

ကိုလံဘီယာရဲ့ ကော်ဖီစိုက်ပျိုးရာ တောင်ပေါ်ဒေသမှာရှိတဲ့ နောက်ထပ် မြို့တစ်မြို့ဖြစ်တဲ့ မာနီဇားလက်စ် (Manizales) မှာလည်း အဆောက်အအုံ ပျက်စီးမှုတွေကြောင့် ကေဘယ်ကား ခရီးသည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ပြေးဆွဲမှုကို ရပ်နားခဲ့ရတယ်လို့ အဲဒီမြို့ရဲ့ မြို့တော်ဝန်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက် အထပ်မြင့် ကွန်ဒို ၅၀ ဟာ သတ်မှတ်စည်းကမ်းနှင့်မညီဟု ထိုင်းနိုင်ငံ စားသုံးသူများကောင်စီဆို

ဘန်ကောက်မြို့က အထပ်မြင့် ကွန်ဒို ၅၀ ဟာ အဆောက်အအုံ ထိန်းချုပ်ရေး ဥပဒေကို ချိုးဖေ-ာက်ထားတယ်လို့ ထိုင်းနိုင်ငံ စားသုံးသူများကောင်စီ (TCC) က ထောက်ပြလိုက်ပါတယ်။ ဥပဒေအရဆိုရင် အမြင့် ၂၃ မီတာအထက် ဒါမှမဟုတ် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၀,၀၀၀ ထက်ကျော်တဲ့ အဆောက်အအုံတွေဆိုရင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ဝင်ထွက်နိုင်ဖို့ အဆောက်အအုံ ပတ်လည်မှာ အနည်းဆုံး ၆ မီတာ အကျယ်ရှိတဲ့ လမ်း ရှိကိုရှိရမှာပါ။ ပတ်လည်လမ်းတွေ ကျဉ်းနေမယ်ဆိုရင်...

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ 

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ်(၁) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို သြဂုတ် ၃ ရက်ည ၈ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြား၌ မကြည်ကြည်အေး(ခ)မကြည်အေး(ခ)အမိုးနှင့် မနန်းမြရင်(ခ)အေးငြိမ်းတို့အား ရောင်စုံပလတ်စတစ်ဆပ်ပြာခွက်(၆,၆၀၀)ခွက်ဖြင့်ထည့်ထားသည့် ငွေကျပ် (၁ ဒသမ ၄၈၅)ဘီလီယံတမ်ဖိုးရှိ ဘိန်းဖြူ(၅၉ ဒသမ ၄)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သော ဘိန်းဖြူများကို လွှဲပြောင်းပေးခဲ့သူမှာ ကျောက်မဲမြို့နေ စိုင်းနော်ခမ်းနှင့် လားရှိုးမြို့မှ မန္တလေးမြိုသို့ ပို့ဆောင်ရောင်းချသူမှာ...

တနင်္သာရီတိုင်း ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်း ဆောင်ရွက်မည်

ထားဝယ်၊ ဩဂုတ်-၁၁ ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္ထမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြစ်၏ ကမ်းလွန် ပင်လယ်ပြင်တွင် တည်ရှိကာ ရဲတံခွန်စီမံကိန်း လုပ်ကွက်ဖြစ်သည့် M-12, M-13, M-14 နှင့် ချိတ်ဆက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် M-15 စူးစမ်း ရှာဖွေရေး တွင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ က ကျင်းပသည့် မြန်မာ့ရေနံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071