Home News Local News အင်ဒိုနီးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအရေး မြန်မာသံအမတ်ဦးမန်ဟောက်ထန်နှင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ရဲမှူးချုပ်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအရေး မြန်မာသံအမတ်ဦးမန်ဟောက်ထန်နှင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ရဲမှူးချုပ်ဆွေးနွေး

0
55

အင်ဒိုနီးရှားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအရေးနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာသံအမတ်/သံရုံးယာယီတာဝန်ခံဦးမန်ဟောက်ထန်နှင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့၊ နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကြီး Head of International Relations မှ ရဲမှူးချုပ် Mr. Amur Chandra Juli Buana နှင့် ဇွန် ၂၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားအကျိုးကာကွယ်စောင့်ရှောက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများနေရပ်ပြန်လည်စေလွှတ်ရာတွင် မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးအပေါ်အခြေပြု၍ အပြန်အလှန်ဆောင်ရွက်ထားရှိမှုနှင့်အညီ အကောင်အထည်ဖော်ရေးကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရဲမှူးချုပ် Mr. Amur Chandra Juli Buana ကလည်း မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးရှေးရှုပြီး ရလဒ်ကောင်းများပေါ်ထွက်လာစေရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here