Tuesday, June 23, 2026

ရှမ်းယူနိုက်တက်နှင့် ကမ္ဘာကျော်မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE...

မြန်မာ့ထိပ်သီး ဘောလုံးကလပ်တစ်ခုဖြစ်သည့် ရှမ်းယူနိုက်တက်အက်ဖ်စီသည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သော PUBG MOBILE နှင့် တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထုတ်ပြန်သည်။ အဆိုပါ ပူးပေါင်းမှုကို...

ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်စည်ကားလာ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပြန်လည်တည်ဆောက်လျက်ရှိနေပြီး လက်ရှိ၌ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ကာ စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။ လက်တလော၌ ဖလမ်းမြို့တွင်...

မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီဇယ်များကို...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၌ မိုးစပါးစိုက်တောင်သူများအား ပရီမီယံဒီ ဇယ်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ "ဇေယျာမင်း" စက်သုံးဆီအရောင်းဆိုင်၊ မြို့သစ်ကြီးရပ်ကွက်ရှိ "TOP"...

ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဧရာဝတီတိုင်းလွှတ်တော်အတည်ပြု

ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေ ကာတာများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အားတိုက်တွန်းသည့်အဆိုကို ဇွန် ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ဦးကျော်ဝင်းနိုင် လေးမျက်နှာ(၁)က...
HomeCelebrities' Newsအကယ်ဒမီဖိုးကျော် ဇာတ်ကားရိုက်ကူးမှု နည်းရခြင်း...

အကယ်ဒမီဖိုးကျော် ဇာတ်ကားရိုက်ကူးမှု နည်းရခြင်း အကြောင်း

“ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာက ကျွန်တော်ကြိုက်တဲ့ ဇာတ်ကားကျတော့လည်း ကျွန်တော့်ကို လာမငှားကြဘူး။ လာငှားတဲ့ ဇာတ်ကားကျတော့လည်း အဆင်မပြေဘူးလေ။ ပြီးတော့ တော်တော်များများလည်း ပြောနေကြတာပဲလေ။ ဗီဒီယိုလောကကတော့ လုံးလုံးကြီးကို ပျက်သွားပြီလို့ ပြောနေကြတာလေ။အဲဒီတော့ တော် ရုံတန်ရုံကလည်း မရိုက်ကူးတော့ဘူး။ ရိုက်ကူးတဲ့ ဇာတ်ကားတွေ ကျတော့လည်း ဆီပြန်ရေပြန် ဆိုတာမျိုးလေးတွေ ရိုက်ကူးတာမျိုးဆိုတော့ အဆင်မပြေဘူး။ ကျွန်တော်ကလည်း ဆီပြန်ဆိုရင် ဆီပြန်ပဲကျွေးစေချင်တယ်။ အဲဒီလိုဆို တော့ ကျွန်တော့်ကို ဒီကောင်က ဘာကောင်လဲဆိုတာမျိုးရှိမှာပေါ့။ ဒါပေ မဲ့ ကျွန်တော်လည်း ဘာမှမဟုတ်ပါဘူးလေ ဆိုပြီး ဒီအတိုင်းပဲနေလိုက် တာပါပဲ။ အဲဒီ တော့လည်း မငှားကြဘူး” လို့ ဇာတ်ကားရိုက်ကူးမှုတွေမှာ မတွေ့ဖြစ်ရခြင်းအကြောင်းကို အကယ်ဒမီဖိုးကျော်က ပြောပြပါတယ်။

သူ့ အနေနဲ့ အနုပညာ သက်တမ်းတစ်လျှောက်လုံးမှာ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းက ပေါတောတောဇာတ်ကားမျိုး တစ်ခုမှမရှိခဲ့ဘဲ ဒါက လည်း သူ့ကိုယ်သူ စိစစ်ထားတာကြောင့် ဖြစ်ကြောင်း ဖိုးကျော်က ဆက် လက် ပြောပြပါတယ်။ “နောက်တစ်ခုက ပရိသတ်တွေရဲLevel က မြင့်လာပြီ။ သူတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်မှု၊ တွေးခေါ်မှုက တက်လာပြီ။ အဲဒါကို အရင်တုန်းက အတိုင်း ပေးနေလို့ကတော့ ကျွန်တော်တို့က ငပေါပဲ ဖြစ်နေ တော့မှာပဲ။ အဲဒီတော့ ကျွန်တော်ဆိုလိုတာက ပြောင်းစေ ချင်တယ်။ ပြောင်းပြီးလုပ် မှတစ်ချို့အရာတွေက ဖြစ်သွားလိမ့်မယ်။ သို့ပေမယ့်လည်း ကိုယ်ကိုယ် တိုင်ကလည်း တစ်ယောက်တည်း ထပြီး မလုပ်နိုင်တဲ့ အနေအထားမှာ ရှိ နေတယ်လေ။ လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့။ လုပ်နိုင်ရင်တော့ ကျွန်တော် ချမှာပါ။ ကျွန်တော့်မှာ နည်းနည်း လေးရှိတာနဲ့ ကားရိုက်ဖို့ အတွက်ပဲ လုပ်မှာပါ။ ကျန်တဲ့အလုပ် မလုပ်ဘူး”လို့ အနုပညာနဲ့ ပတ်သက်ပြီး သူ ကိုယ်တိုင် လုပ်ချင်တာတွေကို အကယ်ဒမီဖိုးကျော်က ပြောပြခဲ့ပါတယ်။  ရိုက်ကူးချင်တဲ့ ဇာတ်လမ်းမျိုး မဟုတ်လို့ ငြင်းလိုက်တာမျိုးတွေ ရှိခဲ့လားလို့ဆက်မေး တော့……

“သူတို့ သွားချင်တဲ့ပုံစံနဲ့ ကျွန်တော်သွား ချင်တဲ့ ပုံစံကမတူဘူးဗျ။ မတူတဲ့အခါမှာ ကျွန်တော်မကြိုက်ဘူး လို့ပဲပြောရမှာပေါ့။ နောက်ဆုံးကျတော့ ကျွန်တော့်ကို ကျွန်တော် ခေါင်းတည်ရတာပေါ့။ ကျွန်တော် မကြိုက်လို့  ငြင်းလိုက်တာမျိုးတွေတော့ ရှိတာပေါ့။ တချို့ က အဓိပ္ပာယ်မဲ့ နေတာမျိုးတွေ ရှိတယ်။ တချို့ က ကျွန်တော်ပါခြင်းအတွက် ဒီဇာတ် ကားကို ဘာမှအထောက်အကူ မပြုသလို မပါခြင်း အတွက်လည်း ဘာမှအထောက် အကူမပြု ဘဲနဲ့ ထည့်ထားရင်လည်း အလကားပဲလေ။ ကျွန်တော်က ပေါတောတောကြီး ဖြစ်နေ မှာပေါ့။ ကျွန်တော် မဖြစ်ချင်ဘူး။ ကျွန်တော် ပါရင် ပါသလောက်တော့ ပရိသတ်တွေကို နည်းနည်းလေး အရသာရှိစေချင်တယ်။ အဲဒီ သဘော ကြောင့် ကျွန်တော် ငြင်းတာတွေရှိပါ တယ်” လို့ သူကပြောပြခဲ့ပါတယ်။

 လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071