Saturday, April 18, 2026

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်...

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ်...

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့်...

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို...

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး...
HomeNewsLocal Newsသံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန်...

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ မေတ္တာရပ်ခံ

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးအရအနေနဲ့ကတော့ နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွေရဲ့အစိုးရတွေက လာမခေါ်မချင်း လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ တော်တော်ကြီးလေးတဲ့တာဝန်ဖြစ်ပါတယ်။ သူတို့အတွက်တနေ့တာ လိုအပ်တဲ့အစားအစာအပြင် သောက်ရေ၊ သုံးရေ၊ ဝတ်စရာ၊ အိပ်စရာတွေအဆုံး နိုင်ငံတော်က ဖြည့်ဆည်းပေးရပါတယ်။ စားစရိတ်မှာဆိုရင် တနေ့ကိုသုံးနပ်အတွက် တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်းနဲ့ အနည်းဆုံးကုန်ကျငွေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့အထိကို ငွေကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော်သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဂုဏ်သိက္ခာအတွက် အခုလိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့သူတွေကိုလည်း သက်ဆိုင်ရာနိုင်ငံများအနေနဲ့ အမြန်ဆုံးလာရောက်ခေါ်ယူပေးဖို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်အထိ တရားမဝင်အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ ၇၀၁၉၆ ဦးကို စီစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်(၆)ပါးအပါအ ဝင် (၉)ဦးပျံလွန်/သေဆုံး (၁၀)ပါး/ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးအနက် ဘုန်းကြီး(၅)ပါး၊ ကိုရင်(၁)ပါး၊ အမျိုးသား (၃)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/သေဆုံးသွားခဲ့ပြီး ဘုန်းကြီး(၇)ပါးနှင့် အမျိုး...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရန် သမ္မတ အန်နူရာ ကူမာရာ ဒစ်ဆာနာယက်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီးနောက် ၎င်း ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ၏ အထူးစုံစမ်းစစ်ဆေးရးကော်မရှင်က ဆောင်ရွက်မည့် ဘက်မလိုက်သော လွတ်လပ်စွာစုံစမ်းစစ်ဆေးမှုကို လွယ်ကူချောမွေ့စေရန် ဝန်ကြီးသည် ဝန်ကြီးဌာန အတွင်းဝန်နှင့်အတူ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစိုးရပိုင် Lanka Coal ကုမ္ပဏီလီမီတက် သို့မဟုတ်...

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် နေအိမ်(၅၇)လုံးပြိုလဲပျက်စီးပြီး နေအိမ်(၆၃၉)လုံးအမိုးလန်ကာ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်းတို့ပျက်စီးခဲ့ပြီး အိမ် ထောင်စု(၆၉၆)စုမှ လူဦးရေ(၂,၂၀၅)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လေဘေးသင့်နေအိမ်များအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဧပြီ ၁၈ ရက်တွင် ဒေသခံများထံသို့ကိုယ်တိုင်သွားရောက်၍ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071