Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeCelebrities' Newsသူငယ်ချင်းများနဲ့အတူ သုဝဏ္ဏသျှံ ဖောင်ဒေးရှင်း...

သူငယ်ချင်းများနဲ့အတူ သုဝဏ္ဏသျှံ ဖောင်ဒေးရှင်း တည်ထောင်လိုက်တဲ့ စန္ဒီမြင့်လွင်

သရုပ်ဆောင်၊ အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့အနုပညာရှင် ညီအစ်ကို မောင်နှမများဖြစ်ကြတဲ့ မိတ်ကပ်ညီညီ မောင်(စမ်းချောင်း)၊ သရုပ်ဆောင်မေကဗျာ၊ Ahtin Ka Ya, Kye Mon Lwin တို့နဲ့အတူ သုဝဏ္ဏသျှံဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အလှူအတန်း၊ သာရေး နာရေးကိစ္စများအတွက် လှူဒါန်း ကူညီမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းဖွဲ့စည်းဖြစ်ပုံနှင့်ပတ်သက်ပြီး စန္ဒီမြင့်လွင်က …

“အဓိကကတော့ အန်တီညီညီမောင်က ဦးဆောင်ပြီးလုပ်တာပါ။ ဒီးဒီတို့က အလှူအတန်းလေး ပြုလုပ် ချင်တယ်ဆိုရင်လည်း ဒီသူငယ်ချင်းတွေစုပြီး အလှူတွေလုပ်လေ့ရှိတယ်။ အခုလည်း သစ်တံခါးကျောင်းတိုက်မှာ အလှူလေးလုပ်ဖို့ စီစဉ်ထားတယ်။ အခုညနေပဲ သွားရောက် လှူဒါန်းမှာပါ။ အဲဒါနဲ့ ငါတို့ ၅ ယောက် လှူတာဆိုတော့ တို့ ၅ ယောက်အဖွဲ့ လေးဖွဲ့လိုက်ကြရအောင် တခြားလှူ ချင်တဲ့လူတွေလည်းပဲ ငါတို့အဖွဲ့ထဲကို လာရောက်အလှူ တွေ ဝင်ပြီးတော့ လှူဒါန်းလို့ရတာပေါ့။ ဒီလိုအဖွဲ့လေးဖွဲ့ လိုက်တော့ ကိုယ်အများကြီးလည်း လှူဒါန်းလို့ရတာပေါ့ ဆိုပြီး အတန်တီညီညီမောင်က ဒီဒီဖောင်ဒေးရှင်းလေး ဖွဲ့ စည်းလိုက်တာ။ ဒီးဒီရဲ့ တာဝန်ကလည်း အပြင်မှာဝိုင်းကူပြီး အလှူငွေခံရမယ်။ သူငယ်ချင်းတွေအားလုံးနဲ့ ပေါင်းပြီး လုပ်ရမှာပေါ့နော်။ ဒီးဒီတို့ သူငယ်ချင်းတွေက တစ်လတစ်ခါ ရယ်လို့တောင် မဟုတ်ဘူး။ တစ်လနှစ်ခါလောက်တောင် မကဘူး။ လိုအပ်တာလေးတွေ အမြဲလှူဒါန်းဖြစ်တယ် အခု ဒီဖောင်ဒေးရှင်းလေး လုပ်ဖြစ်တယ်ဆိုတော့ ပိုလှူဒါန်းဖြစ် သွားမယ်ပေါ့။ ဒီလို သူငယ်ချင်းတွေ ပြုလုပ်ရတဲ့အတွက် တအားပျော်တယ်။ ဝမ်းလည်း ဝမ်းသာတယ်”လို့ ပြောပါတယ်။ သုဝဏ္ဏသျှံဖောင်ဒေးရှင်းလို့ အမည်ပေးဖြစ်တာကလည်း မိဘများကို လုပ်ကျွေးပြုစုနေတဲ့သူတွေ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် သုဝဏ္ဏသျှံလို့ တင်စားကာ အမည်ပေးထား ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူတို့ သုဝဏ္ဏသျှံဖောင်ဒေး ရှင်းအဖွဲ့က မေလ ၄ ရက်နေ့က သစ်တံခါး ကျောင်းတိုက်မှာ အာဟာရဒါနကျွေးမွေးလှူဒါန်း ကုသိုလ်ပြုခဲ့ကြပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071