Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsသီချင်းခွေ အမြန်ဆုံး ထွက်လာပါတော့မယ်...

သီချင်းခွေ အမြန်ဆုံး ထွက်လာပါတော့မယ် စိုင်းစိုင်းခမ်းလှိုင်

“ဒီနှစ်ထဲမှာ ကျွန်တော်တို့ Frenzo က Artist တွေအနေနဲ့ သီချင်းအသစ်တွေထွက်ဖို့ပြင်ဆင်နေကြ ပါပြီ။G-Fatt လည်း စီးရီးခွေထွက်မယ်။ Snare လည်း စီးရီးခွေထွက်မယ်။ ပြီးတော့ ကျွန်တော့် စီးရီး ခွေလည်း ထွက်ပါမယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။ ပြီခဲ့တဲ့ ကာလတွေမှာ SAI Cosmetix အတွက် အချိန်ပေးဖြစ်နေတဲ့အတွက် အနုပညာဖန်တီးမှုပိုင်းတွေမှာ အားလျော့သွားခဲ့ကြောင်းဆိုတဲ့ စိုင်းစိုင်းက “ကျွန်တော့်အနေနဲ့ ပရိသတ်ကို အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံး မှာ ကျွန်တော့်ဘက်က တစ်နှစ်လုံးလုံး အနုပညာနဲ့ ပတ်သက်လို့ ခါတိုင်း ကျွန်တော် တစ်နေ့မှာ ၁ဝနာရီ၊ ၁၂နာရီလုပ်တယ်ဆိုရင် ကျွန်တော် ကုမ္ပဏီလုပ်ငန်း၊ စီးပွားရေးလုပ် ငန်းကို တွဲဖက်လုပ်ကိုင်ရတဲ့ အတွက် ကျွန်တော့်ဘက်က အချိန်တွေ အများကြီး လျော့သွားခဲ့တာလည်း မှန်ပါတယ်။ ကျွန်တော် ဝန်လည်း ဝန်ခံပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ကျွန်တော် သီချင်းရေးတဲ့ အပိုင်း၊ ရုပ်ရှင်ရိုက်ကူးတဲ့အပိုင်းမှာ အချိန်ပေးခဲ့တဲ့အပိုင်းမှာ လျော့နည်းခဲ့ပါ  တယ်။

ဒီနှစ်ထဲမှာတော့ ကျွန်တော် အနုပညာကို အချိန်ပြည့် အားစိုက်ပြီးတော့ ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ဆိုပါတယ်။ မကြာမီထွက်ရှိလာတော့မယ့် သူ့ရဲ့  တေးစီးရီးခွေအသစ် အကြောင်းကို လည်း စိုင်းစိုင်းက “သီချင်းခွေအမြန်ဆုံးထွက်ရှိ လာပါတော့မယ်။ ကျွန်တော့် သီချင်းတွေက တီးပြီးသွားပြီ။Chorus တွေဆိုပြီးနေပြီ။ တစ်ပုဒ်ကတစ်ပိုဒ်လောက်ရေးဖို့ပြီးနေပြီဆိုရင် တစ်ပုဒ်က စာသားရေးဖို့ကျန်နေတယ်။ အဲဒီတော့ ကျွန်တော့်သူငယ် ချင်းတွေက နောက်တယ်။ သီချင်း တစ်ပုဒ်ပြီးဖို့မှာ တီးတဲ့သူကလည်း တီးပြီးသွားပြီ။ ရေးတဲ့အပိုင်းပဲ ကျန်နေတယ်ဆိုတာ ဘယ်သူ့အပြစ်လဲပေါ့။ ဟုတ်ပါတယ်ကွာ။ ငါ့အပြစ် ပါပေါ့။ ကျွန်တော် အဲဒါလေးလည်း အမြန်ဆုံး ပြီးစီးအောင်လို့ ကျွန်တော် လုပ်ပါမယ်ခင်ဗျ လို့ ပြောပါတယ်။ ဇာတ် ကားရိုက်ကူးမှုတွေ အနေနဲ့ ဒါရိုက်တာ မီး ပွားနဲ့အတူ ရုပ်ရှင် ဇာတ် ကား ၂ကား ရိုက် ကူးဖို့ရှိကြောင်းလည်း စိုင်းစိုင်းခမ်းလှိုင် က ပြောပြခဲ့ပါတယ်။

 မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071