လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။
နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွားရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။
အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊ ပုဂ္ဂလိကက နည်းပညာနဲ့ရင်းနှီးမှုကို ဆောင်ရွက်ခြင်း၊ တောင်သူကအရည်သွေးရှိတဲ့ကုန်ကြမ်းထုတ်လုပ်ခြင်း၊ သုတေသနနဲ့ ပညာရေးကဏ္ဍက နည်းပညာနဲ့အသိပညာဖြည့်ဆည်းပေးခြင်း ထိုသို့အပြန်အလှန်အားဖြည့်တဲ့စနစ်တစ်ရပ် တည်ဆောက်ပေးဖို့လိုအပ်ပါတယ်။ ဒါဟာ Public – Private Partnership ကိုအခြေခံပြီးလယ်ယာကဏ္ဍကနေ စက်မှုကဏ္ဍကိုချိတ်ဆက်ဖော်ဆောင်ခြင်းဖြစ်ပါတယ်။
