Friday, July 17, 2026

YRTC က City Taxi...

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊...

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့်...

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen...

ဗီယက်နမ်၊ ဇူလိုင်- ၁၇ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်မည့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း...
HomeInternationalတရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ...

တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတွေ ဘွဲ့လွန်ကျမ်းတင်စရာမလိုပဲ PhD ရနိုင်ပြီ

အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။

​တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။

​အဲဒီအစား ကျောင်းသားတွေကို တကယ်ထိတွေ့လို့ရတဲ့ လက်တွေ့ကမ္ဘာက တီထွင်ဆန်းသစ်မှုတွေအပေါ်မှာ မူတည်ပြီး အကဲဖြတ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တကယ်အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေ၊ ဆန်းသစ်တဲ့ စက်မှုနည်းပညာတွေ ဒါမှမဟုတ် အဓိက အင်ဂျင်နီယာစနစ်ကြီးတွေ ဖြစ်ပြီး ဒါတွေကို စာသားအစီရင်ခံစာတစ်ခု၊ ပြီးတော့ နှုတ်ဖြေစာ‌မေးပွဲတစ်ခုနဲ့ တွဲဖက်ပြီး စစ်ဆေးသွားမှာပါ။

​မကြာသေးခင်ကပဲ ထူးထူးချွန်ချွန် ဘွဲ့ရသွားတဲ့ ကျောင်းသားတစ်ယောက်ဆိုရင် လီဂို(Lego) ရုပ်ဆက်ကစားစရာလိုမျိုး တစ်ခုနဲ့တစ်ခု ချိတ်ဆက်လို့ရတဲ့ အားဖြည့်စတီးတုံးတွေကို တီထွင်ပြီး ဒေါက်တာဘွဲ့ ရသွားခဲ့တာပါ။ အဲဒီစတီးတုံးတွေကို ယန်စီမြစ်ကူးတံတားကြီးတစ်ခုရဲ့ တည်ဆောက်ရေး အဓိက အစိတ်အပိုင်းတွေအဖြစ် တကယ်ပဲ အသုံးပြုနေပြီ ဖြစ်ပါတယ်။

​ဒီလို လက်တွေ့ဆန်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မြန်ဆန်ဆန် ပြန့်နှံ့နေပြီး အနည်းဆုံး တရုတ်တက္ကသိုလ် ၅၉ ခုမှာ ဘွဲ့ပေးတဲ့စည်းကမ်းချက်တွေကို လိုက်လံပြင်ဆင်နေကြပါပြီ။

​အစပိုင်းမှာတော့ ဆီမီးကွန်ဒတ်တာ၊ AI နဲ့ အဆင့်မြင့်ကုန်ထုတ်လုပ်မှုလိုမျိုး အရေးကြီးပြီး ပိတ်ဆို့ခံထားရတဲ့ နယ်ပယ်တွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် အပြည့်အဝ ရပ်တည်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အခုဆိုရင် ဒီလက်တွေ့ကျတဲ့ PhD လမ်းကြောင်းဟာ စိုက်ပျိုးရေးနဲ့ စာပေဖန်တီးမှု(creative writing) လိုမျိုး ကွဲပြားခြားနားတဲ့ နယ်ပယ်တွေထဲအထိပါ တဖြည်းဖြည်း ပျံ့နှံ့လာနေပါတယ်။

​စာတမ်းထုတ်ဝေနိုင်တဲ့ အရေအတွက်သက်သက်ထက် ဈေးကွက်ထဲ တကယ်အသုံးချနိုင်မယ့် ဖြေရှင်းချက်တွေနဲ့ လက်တွေ့မူပိုင်ခွင့်တွေကို ဦးစားပေးခြင်းအားဖြင့် တရုတ်နိုင်ငံဟာ စက်မှုလုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေတဲ့ နည်းပညာစစ်သည်တော်အသစ်တွေကို မွေးထုတ်ပေးဖို့ ပြင်ဆင်နေကြပါတယ်။

​Ref – Peng, D. China’s new tech war tactics: PhD students can now graduate with product instead of thesis. South China Morning Post.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YRTC က City Taxi ယာဥ်များစည်းကမ်းတကျရှိစေရေး Campaign တွင် စီးရေ(၂,၀၀၀)ခန့်ကိုအသိပညာပေးမှုများပြုလုပ်ခဲ့

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းကသင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကားမှတ်တိုင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ရန်ကုန် တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ "City Taxi ယာဉ်များ လိုက်နာရန် စည်းကမ်းချက်များပါဝင်သည့် Pamphlet ‌ဝေငှခြင်း"City Taxi Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Campaign အတွင်း City Taxi (၂,၀၀၀)စီးခန့်အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးခြင်း၊...

လေးမျက်နှာမြို့နယ်တွင် ရေဘေးအန္တရာယ်တုံ့ပြန်ရေး ဇာတ်တိုက်လေ့ ကျင့်

လေးမျက်နှာ၊ ဇူလိုင်-၁၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ရေဘေးအန္တရာယ်ဖြစ်ပွားချိန် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဇာတ် တိုက်လေ့ကျင့်မှုကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခန့်က အမှတ် (၅) ရပ်ကွက်၊ ဆိတ်နို့ကုန်းတာ (တာမိုင် ၂၅/ ၅)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အ မျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်...

ဧရာဝတီမြစ်ဆိပ်ကမ်း အသုံးချ၍ မကွေးစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုဗဟိုချက်ဖြစ်ရန် ဆောင်ရွက်မည်

မကွေး၊ ဇူလိုင်-၁၇ မကွေးမြို့တွင် အကောင်အထည်ဖော်နေသည့် ဧက (၄၆၀) ကျော်ကျယ်ဝန်းသော မကွေးစက်မှုဇုန်စီမံကိန်း ဖွံ့ဖြိုးလာပါက အနာဂတ်ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် စက်မှုဇုန်နှင့် ၁ မိုင်ခွဲခန့်သာကွာဝေးသည့် ဧရာဝတီမြစ်ကမ်းဘေးတွင် ကုန်တင်ကုန်ချဆိပ်ကမ်းငယ်တစ်ခု တည်ဆောက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုက စီမံကိန်းလုပ်ငန်းခွင်သို့ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က သွားရောက်စစ်ဆေးစဉ် ၎င်းစက်မှုဇုန်ကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် စနစ်ကျသော စက်မှုဗဟိုချက်တစ်ခုအဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းစက်မှုဇုန်စီမံကိန်းကို မကွေးတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071