Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeArticlesလူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့်...

လူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့် AI နည်းပညာ (အပိုင်း၇)

နောက်ဆိုရင် သင့်အနေနဲ့ မိတ်ဆွေသစ်တစ်ဦးနဲ့ဖြစ်စေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်သစ်တစ်ဦးဦးနဲ့ဖြစ်စေ Online ကနေ စကားပြောတဲ့အခါမှာ သင်နဲ့စကားပြောနေတဲ့သူဟာ တကယ့်လူ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို ထည့်သွင်းစဉ်းစားရပါတော့မယ်။

မသမာသူအချို့ဟာ အခုဆိုရင် Open AI ရဲ့ကုတ်တွေနဲ့ရေးထားတဲ့ Malware တွေကိုသုံးပြီး Online မှာ စကားပြောနေတဲ့သူဟာ မိန်းကလေးတစ်ဦးပါလို့ ယုံကြည်အောင် ဖန်တီးဖို့အတွက် စတင် စီစဉ်နေပြီလို့သိရပါတယ်။

ဆိုက်ဘာရာဇဝတ်သားတွေဟာ ဟက်ကင်းလုပ်နိုင်တဲ့ကိရိယာတွေကို မြန်မြန်ဆန်ဆန် တီထွင်ဖို့အတွက် Open AI ရဲ့ ဉာဏ်ရည်တု chatbot ChatGPT ကို စတင်အသုံးပြုနေကြပြီလို့လည်း ဆိုက်ဘာလုံခြုံရေးသုတေသီတွေက သတိပေးခဲ့ပါတယ်။

လိမ်လည်သူတွေဟာ chatbot တွေကို တကယ့်ပြင်ပမှာရှိတဲ့ မိန်းကလေးအသွင်အယောင်ဆောင်ခိုင်းပြီး လိမ်လည်ရာမှာအသုံးပြုဖို့ စီစဉ်နေကြပြီလို့ Hold Security လို့အမည်ရတဲ့ ဆိုက်ဘာစုံစမ်းထောက်လှမ်းရေးကုမ္ပဏီ တည်ထောင်သူဖြစ်တဲ့ Alex Holden က ဆိုပါတယ်။

ChatGPT ကိုစတင်မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒီ App ဟာ အသုံးပြုသူတွေကို စပိုင်လုပ်ထောက်လှမ်းနိုင်စွမ်းရှိပြီး ဗိုင်းရပ်လိုမျိုးအန္တရာယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကိုတောင် ရေးပေးနိုင်စွမ်းရှိကြောင်း သိသွားတဲ့နောက်မှာတော့ လူတွေရဲ့စိုးရိမ်မှုတွေဟာ ပိုပြီးမြင့်တက်လာခဲ့ပါ တယ်။

ဟက်ကာတစ်ဦးဟာ ChatGPT ကိုသုံးပြီး Android Malware တစ်ခုကိုရေးကာ ကွန်ရက်ပေါ်မှာ ပြန်ဖြန့်ခဲ့ပါတယ်။ အဲ့ဒီ Malware က ကွန်ပျူတာထဲမှာ အလိုအလျောက် Install လုပ်ပြီး ကွန်ပျူတာကိုလည်း ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်တယ်လို့ Check Point လို့အမည်ရတဲ့ အစ္စရေးလုံခြုံရေးကုမ္ပဏီကဆိုပါတယ်။

ဒါ့အပြင် မသမာသူတွေ၊ ရာဇဝတ်သားတွေအနေနဲ့လည်း Dark Web ဈေးကွက်မှာသုံးမည့် Code တွေကိုရေးဖို့အတွက် ChatGPT ကိုအလွဲသုံးစားအသုံးပြုလာနိုင်ပါတယ်။

ဉာဏ်ရည်တုနည်းပညာကို အထက်မှာဖော်ပြခဲ့သလိုမျိုးအလွဲသုံးစားလုပ်လာနိုင်တဲ့အန္တရာယ်တွေရှိလာတာနဲ့အတူ နည်းပညာနယ်ပယ်ထဲက ပညာရှင်တွေဟာ AI ဉာဏ်ရည်တုနည်းပညာ စမ်းသပ်မှုတွေကို ၆ လလောက်ရပ်ထားပေးဖို့တောင်းဆိုထားတဲ့ အိတ်ဖွင့်စာတစ်စောင်‌ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

စည်းကမ်းဥပဒေမဲ့ ဉာဏ်ရည်တုနည်းပညာကိုစမ်းသပ်အသုံးပြုခြင်းက လူသားမျိုးနွယ်တွေကို အကျိုးပြုစေတာထက် အန္တရာယ်တွေဆီကို မြန်မြန်ဆန်ဆန်တွန်းပို့နေသလိုဖြစ်နေပါတယ်။

AI ကို သုတေသနပြုလုပ်နေတဲ့ ကုမ္ပဏီတွေဟာ ဘယ်သူကမှ နားမလည်နိုင်၊ ကြိုတင်မခန့်မှန်းနိုင်၊ ထိန်းချုပ်လို့မရနိုင်တဲ့ ဒစ်ဂျစ်တယ်စိတ်တစ်မျိုးကို အပြိုင်အဆိုင်တီထွင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ပိတ်မိနေပြီဖြစ်ပါတယ်။

တကယ်လို့ ပညာရှင်တွေတောင်းဆိုထားတဲ့ ဉာဏ်ရည်တုစမ်းသပ်မှု ခေတ္တရပ်တန့်ထားရေးအဆိုကိုမြန်မြန်ဆန်ဆန်သာ မပြဌာန်းနိုင်ခဲ့ရင်တော့ အစိုးရတွေအနေနဲ့ တားဆီးဆိုင်းငံ့ထားသင့်ပါတယ်။

ပညာရှင်တွေတောင်းဆိုထားတဲ့ဒီစာဟာ အနာဂတ်မှာ လူသားတွေအတွက် ပျက်စီးမှုတွေရှိလာနိုင်တာကို သတိပေးနေတာဖြစ်တယ်လို့ NBC သတင်းဌာနကလည်းဆိုထားပါတယ်။ အိတ်ဖွင့်စာမှာ လက်မှတ်ရေးထိုးကြသူတွေထဲမှာ Space X နဲ့ Tesla CEO ဖြစ်သူ Elon Musk, Apple ပူးတွဲတည်ထောင်သူ Steve Wozniak, IBM ရဲ့ ပညာရှင် Grady Booch , Satbility AI ရဲ့ CEO ဖြစ်သူ Mostaque နဲ့ Tristan Harris အပြင် Stuart Russell လိုမျိုး စာပေနယ်ပယ်က ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဥာဏ်​ဝေ

Ref:
https://i-hls.com/archives/118762 and https://i-hls.com/archives/118811

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071