Monday, September 14, 2026

မန်ချက်စတာဒါဘီပွဲ အနိုင်ဂိုးတွင် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့...

အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲတွင် မန်ချက်စတာစီးတီးက အိမ်ရှင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ရာ အဆုံးအဖြတ်အနိုင်ဂိုးနှင့်ပတ်သက်၍ ဒိုင်လူကြီးများဘက်က မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း...

ကွာလာလမ်ပူ မြန်မာသံရုံးတွင် PJ သက်တမ်းတိုး...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့်...

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ...

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁...
HomeNewsLocal Newsလုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ...

လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေ

ပြည်သူလူထုအနေဖြင့် လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း ဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံ မှန်ကန်ပြီး အလွယ်တကူမပျက်စီးစေရေးအတွက် အသိပညာပေးဆောင်ရွက်ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် သတိပြုလျက် ကာကွယ်ဆောင်ရွက်ရန် အချက်များအပါအဝင် ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုသည့် အချက်များ စသည်တို့ကို အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ချက်စတာဒါဘီပွဲ အနိုင်ဂိုးတွင် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့ ဝန်ခံ

အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲတွင် မန်ချက်စတာစီးတီးက အိမ်ရှင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ရာ အဆုံးအဖြတ်အနိုင်ဂိုးနှင့်ပတ်သက်၍ ဒိုင်လူကြီးများဘက်က မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း အင်္ဂလန်ဒိုင်လူကြီးအဖွဲ့အစည်းက ပွဲအပြီးတွင် ဝန်ခံတောင်းပန်ခဲ့ကြောင်း သိရသည်။ ပွဲချိန် ၂၃ မိနစ်တွင် မန်စီးတီးကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်သည် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အပေါ် ကြမ်းတမ်းစွာ ပြုမူခဲ့သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး မန်စီးတီးသည် ပွဲချိန်အများစုကို ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရသည်။ သို့သော် မန်ယူအသင်းက လူအင်အားအသာစီးကို အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ တွင်...

ကွာလာလမ်ပူ မြန်မာသံရုံးတွင် PJ သက်တမ်းတိုး လိမ်လည်လျှောက်ထားမှုများကြောင့် ရက်ချိန်းစိစစ်မှု ကြန့်ကြာနေ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့် ရက်ချိန်းစိစစ်ရွေးချယ်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သံရုံးက စက်တင်ဘာ ၁၄ ရက်တွင် အသိပေးထားသည်။ သံရုံးအနေဖြင့် WhatsApp နှင့် အီးမေးလ်မှတစ်ဆင့် ရက်ချိန်းလျှောက်ထားသူများအနက် Work Permit နှင့် Special Pass သက်တမ်းကုန်ဆုံးရက် နီးကပ်နေသူများကို ဦးစားပေးစိစစ်ရွေးချယ်ကာ ရက်ချိန်းပေး၍ PJ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်...

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။ ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။ ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် "မဝင်ရ" တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071