Home News Local News လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်

လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်

0
76

ဧရာဝတီမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း၌ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ရောက်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံ နက်ပိုင်း မိုးဇလထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီမြစ်ရေသည် မြင်းမူမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်အလို၊ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်အလို၊  ညောင်ဦးမြို့၏စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်အလိုတို့တွင်ရောက်ရှိနေကြောင်း သိရသည်။

ထိုသို့ ရောက်ရှိနေရာမှ လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေသည် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ညောင်ဦးမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here