Sunday, August 9, 2026

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာ၍ ကယ်ဆယ်ရေးအဖွဲ့များအားရေကင်းချထား

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် ချင်း တွင်းမြစ်ရေမြင့်တက်လာ၍ နေအိမ်များအတွင်းသို့ရေဝင်ရောက်လာနိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှ ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းမှစကာ ချင်းတွင်းမြစ်ကမ်းဘေး၌ ရေကင်းများချထားကြောင်း သိရသည်။ ရေကင်းများကို...

ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်း ငယ်ရှိငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၉ ရက်နံ နက်ပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၀ နာရီ...

လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေ...

ဧရာဝတီမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း၌ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ရောက်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံ နက်ပိုင်း...

မြစ်(၄)ခု၏မြစ်ရေများ လာမည့် ၂၄ နာရီအတွင်း...

ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် လာမည့် ၂၄ နာရီအတွင်း မြို့(၅)မြို့၏ စိုးရိမ်ရေမှတ်အထက်၌ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံနက်...
HomeNewsLocal Newsငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအတွက် ရေကျော်ဝင်ရောက်နေမှုအားတားဆီးနိုင်ရေးဆောင်ရွက်နေ 

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအတွက် ရေကျော်ဝင်ရောက်နေမှုအားတားဆီးနိုင်ရေးဆောင်ရွက်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကျော်ဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် ရေဝင်ရောက်နေမှုများအားတားဆီးနိုင်ရေးလုပ်ငန်းများကို ၂၄ နာရီ နေ့ဆိုင်း/ညဆိုင်းအလှည့်ကျစနစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့်ဆောင်ရွက်လျက်ရှိသည်၊

ရေကျော်ဝင်ရောက်နေသည့်နေရာတွင် အရှည်(၁၂)မီ တာရှိ Steel Sheet Pile များကို အလျား(၈၉၀)ပေခန့် အုပ်မိုး၍ ရိုက်စိုက်ခြင်း၊ Geo Bag နှင့် သဲအိတ်များဖိသိပ်ခြင်း၊ သဲအပြည့်ဖြည့်ထားသော Geo Bag အိတ်များနှင့် သဲအိတ်များကို ရေအောက်အထိစနစ်တကျ သယ်ယူဖိသိပ်ချခြင်း၊ ရေတား/ရေကာတားများတည် ဆောက်ခြင်း၊ တာတမံနိမ့်ကျသွားသည့် နေရာများနှင့် ရေဝင်ပေါက်များကို သဲအိတ်များဖြင့်အထပ်ထပ်စီရီ၍ ရေကာ/ရေတားနံရံများ အရေးပေါ်တည်ဆောက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။

Photo-ဧရာဝတီတိုင်းအစိုးရ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာ၍ ကယ်ဆယ်ရေးအဖွဲ့များအားရေကင်းချထား

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့တွင် ချင်း တွင်းမြစ်ရေမြင့်တက်လာ၍ နေအိမ်များအတွင်းသို့ရေဝင်ရောက်လာနိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှ ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းမှစကာ ချင်းတွင်းမြစ်ကမ်းဘေး၌ ရေကင်းများချထားကြောင်း သိရသည်။ ရေကင်းများကို ရေဝင်ရောက်လာပါက မြို့၏အနိမ့်ပိုင်းရပ်ကွက်များအတွင်းနေထိုင်သူများနှင့် မြစ်ကမ်းအနီးနေ ထိုင်သူများကို ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးနိုင်ရန်အတွက်ချထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၈)စင်တီမီတာတွင်ရောက်ရှိနေပြီး လာမည့် အချိန်ပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်း ငယ်ရှိငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၉ ရက်နံ နက်ပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၀ နာရီ ၃၀ မိနစ် ၅၉ စက္ကန့်က ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့ တောင်ဘက်(၃)မိုင်ခန့်အကွာ၊ အနက် (၁၂)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေ မြို့(၃)မြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်

ဧရာဝတီမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း၌ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ရောက်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံ နက်ပိုင်း မိုးဇလထုတ်ပြန်ချက်အရ သိရသည်။ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်အလို၊ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်အလို၊  ညောင်ဦးမြို့၏စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်အလိုတို့တွင်ရောက်ရှိနေကြောင်း သိရသည်။ ထိုသို့ ရောက်ရှိနေရာမှ လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေသည် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် ညောင်ဦးမြို့နယ်များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071