Home Movies လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

0
110

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း သိရသည်။

ဖြစ်စဉ်၌ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် လမ်းခွဲမည်ဟု ပြောသည့် အတူနေ ချစ်သူကောင်မလေးကို သတ်ခဲ့ပြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်၌ တည်ရှိသည့် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချသတ်သေခဲ့ကြောင်း၊ အဆုံးစီရင်ရခြင်း ဖြစ်ကြောင်း သေတမ်းစာတစောင်ရေးသားခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် သေတမ်းစာပါ လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျ သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲကလုပ်ထုံး လုပ်နည်းအတိုင်းအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here