Wednesday, June 17, 2026

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့်...

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...
HomeNewsFootballရှုံးပွဲမရှိစံချိန်ဖြင့် (၄)နိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲချန်ပီယံ...

ရှုံးပွဲမရှိစံချိန်ဖြင့် (၄)နိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲချန်ပီယံ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း

ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင် ငံတကာပြိုင်ပွဲများအတွက် ပြိုင်ပွဲအကြိုပြင် ဆင်မှုအနေဖြင့် နီပေါနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄)နိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲတစ်လျောက်ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအ သင်းသည် ဗိုလ်လုပွဲအဖြစ် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိနစ်က အိမ်ရှင်နီပေါအသင်းနှင့် အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်တွင် ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့်နိုင်ပွဲရရှိကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မျိုးမြမြငြိမ်း၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ရူပါခိုင်၊ လင်းလဲ့ဦး၊ ယွန်းဝတီလှိုင်၊ ခင်မျိုးသန္တာထွန်းတို့ဖြင့် ပွဲထွက်ယှဥ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်အားဆက်လက်ယှဥ်ပြိုင်ကစားရာ၌ မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဝင်းသိင်္ဂီထွန်းနှင့် ရူပါခိုင်တို့၏သွင်းဂိုးများဖြင့် ပွဲပြီးဆုံးချိန်၌နိုင်ပွဲရရှိကာ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲတစ်လျောက် ၄ သင်းပတ်လည်ယှဥ်ပြိုင်ကစားရာ၌ လက်ဘနွန်အသင်းအား ၃ ဂိုး ၁ ဂိုး၊ ကာဂျစ္စတန်အသင်းအား ၅ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့်အနိုင်ယူခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်အိမ် ရှင်နီပေါအသင်းနှင့်ပွဲစဥ်တွင်လည်း ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့သည်။

ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ပြီး ထိပ်ဆုံးနှစ်သင်း ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရမည့်စည်းမျည်းကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် အိမ်ရှင်နီပေါအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု ဆွေးနွေးမေးမြန်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်တို့ အပါအဝင် စုစုပေါင်း ၇၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို နံနက် ၁၁ နာရီတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့သည်။ Fairmont Peace Hotel သည် ရှန်ဟိုင်းမြို့၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ သမိုင်းဝင်...

High-Speed Railway G23 ဖြင့် ခရီးနှင်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ယနေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းကထွက်ခွာလာသော နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်း၌ ရှန်ဟိုင်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ရှန်ဟိုင်း ဒု-မြို့တော် ဝန်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရှန်ဟိုင်းမြို့သို့ နိုင်ငံတော်သမ္မတက High-Speed Railway G23 ဖြင့်ထွက်ခွာလာစဥ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071