Wednesday, July 29, 2026

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃...

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ...

တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့်...

ဘရာဇီးလီယာ၊ ဇူလိုင် ၂၈ တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့်...

ဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ မနားတမ်းပျံသန်းနိုင်သည့်...

ပေကျင်း၊ ဇူလိုင် ၂၈ တရုတ်နိုင်ငံက အရပ်ဘက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပထမဆုံး တန်ချိန်အဆင့် ဝေးလံခရီးသွား မောင်းသူမဲ့လေယာဉ် (UAV) TP200 ကို ပထမဆုံးအကြိမ်...

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌...

မန္တလေး၊ဇူလိုင်-၂၉ ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့် ယနေ့ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၌ ရေတော်ဆရာတော်အမှူးပြုသော...
HomeNewsLocal Newsရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို...

ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ လွှဲပြောင်းပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျင်းပနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြောကြားရာတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ အနေဖြင့် နိုင်ငံတော်တာဝန်လွှဲပြောင်းယူစဉ်ကတည်းက အခက်အခဲပေါင်းများစွာကြားမှ ဦးစားပေးလုပ်ဆောင်ရမည့်တာဝန်များကို အဆင့်အလိုက်ချမှတ်ကာ ဆောင်ရွက်ခဲ့သည်ဟုပြောကြားသည်။

ရွေးကောက်ပွဲကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုလည်းတွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သလို သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ပေးကြဖို့လည်း ပြောကြားသည်။

တိုင်းရင်းသားများ၏ လိုလားချက်ကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးအခင်းအကျင်းဖြစ်သည့် လွှတ်တော်ထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံလင်လင်ရောက်ရှိလာရန်လိုကြောင်းလည်းပြောပြီး ထိုသို့ရောက်ရှိရန်အတွက် ရောနှောထားတဲ့ကိုယ်စားလှယ် အချိုးကျစနစ် (MMP) ကိုလည်း ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဖြစ်သည်ဟုလည်း ပြောကြားသည်။

ထို့အပြင် လွတ်လပ်ရေးရပြီးအချိန်မှစ ပယောဂအမျိုးမျိုးကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲကြုံတွေ့နေရဆဲဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး စိတ်ရှည်သည်းခံပြီး NCA လမ်းကြောင်းပေါ်တွင် စည်းလုံးညီညွတ်စွာဖြင့် အနာဂတ်တွင် တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိဖို အားသွန်ခွန်စိုက် အတူတကွ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်၊ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီး ထောင်နှင့်ချီသော နေအိမ်များတွင် လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခြင်း၊ လမ်းများ ကွဲအက်ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက ပျေ-ာက်ဆုံးနေသူများကို အရှိန်မြှင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ကူမာမိုတိုမြို့အနီး တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည့် ဈေးဝယ်စင်တာအတွင်းမှ လူရှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း အလုပ်သမား ၂၀ မှ ၃၀ ဦးခန့် ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့် ဘရာဇီး သဘောတူ

ဘရာဇီးလီယာ၊ ဇူလိုင် ၂၈ တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူဝီ အင်နာစီယို လူလာ ဒါ ဆေးလ်ဗားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်သည် တနင်္လာနေ့က ပြုလုပ်သည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများအတွက် မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက်လည်း...

ဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ မနားတမ်းပျံသန်းနိုင်သည့် TP200 ဒရုန်းကို တရုတ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

ပေကျင်း၊ ဇူလိုင် ၂၈ တရုတ်နိုင်ငံက အရပ်ဘက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပထမဆုံး တန်ချိန်အဆင့် ဝေးလံခရီးသွား မောင်းသူမဲ့လေယာဉ် (UAV) TP200 ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ Yitong UAV System က တီထွင်ထုတ်လုပ်သည့် TP200 သည် တရုတ်နိုင်ငံ၏ လေကြောင်းပျံသန်းမှု အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ကျွန်းများသို့ ထောက်ပံ့ပစ္စည်းပို့ဆောင်ခြင်း၊ မြေတိုင်းတာရေးနှင့် အခြားအရပ်ဘက်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ တရုတ်၏ Science...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071