Wednesday, July 22, 2026

လွိုင်ကော်မြို့ ရှိ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်လျက်ရှိ

လွိုင်ကော်၊ဇူလိုင်-၂၂ ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း...

တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံကို ဆိုလာစနစ်ဖြင့် လျှပ်...

အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ချင်း ပြည်နယ်၊ တွန်းဇံမြို့နယ်၌ လျှပ်စစ်ဓာတ်အားပေးဝေသည့် အဆောက်အအုံများ၊ တာဝန်တိုင်များ၊ ထရန်စဖော်မာများနှင့် အခြားဆက်စပ်ပစ္စည်းများ ပျက်စီးဆုံး ရှုံးခဲ့ရကာ တွန်းဇံဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ခြင်းမရှိခဲ့ကြောင်း...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့...

ရန်ကုန်၊ ဇူလိုင် ၂၂ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမသုံးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန်...

အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေ

ပုသိမ်၊ ဇူလိုင်-၂၂ အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်အလုပ်သမားများနှင့် ဇူလိုင် ၂၁...
HomeNewsLocal Newsရွေးကောက်ပွဲပျက်ပြားစေရန် လှုံဆော်စာ စတေကာကပ်သူများကို...

ရွေးကောက်ပွဲပျက်ပြားစေရန် လှုံဆော်စာ စတေကာကပ်သူများကို အရေးယူ

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်စာများ ရေးသားထားသည့် စတေကာကပ်၍ လှုံ့ဆော်သူ အမျိုးသား(၂)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းတွင်း ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်စာရေးသား ထားသည့် စတေကာများကို လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရွှေလင်ဗန်းကျေးရွာ ၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ ကပ်ထားကြောင်း တွေ့ရှိရ သဖြင့် ဖယ်ရှားပြီး ကျုးလွန်သူများကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြစ်မှုကျုးလွန်သူများသည့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သည့် အောင်ရဲထွဋ်(ခ)ရဲထွဋ် နှင့် ရန်နိုင်ကြည်ဝင်း(ခ)အကြီးကောင်တို့ကို စက်တင်ဘာ (၁၈)ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုများအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်သည့် စတေကာများကို  စက် တင်ဘာ(၁၃)ရက်တွင် လှိုင်သာယာမြို့နယ်အရှေ့ပိုင်း နှင့် အ နောက်ပိုင်းမြို့နယ်အတွင်းရှိ နေရာ(၁၀)နေရာ၌ ကပ်၍ အသိပေးလှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းကို သိရှိရသည့်အတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်မြို့ ရှိ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်လျက်ရှိ

လွိုင်ကော်၊ဇူလိုင်-၂၂ ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များအထိ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များကို စနစ်တကျထိန်းသိမ်းရန်လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ရွာတန်းရှည်ဓာတ်အားခွဲရုံသည် လွိုင်ကော်ပင်မဓာတ်အားခွဲရုံကြီးမှတစ်ဆင့် ဓာတ်အားရယူကာ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်...

တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံကို ဆိုလာစနစ်ဖြင့် လျှပ် စစ်အလင်းပေး

အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ချင်း ပြည်နယ်၊ တွန်းဇံမြို့နယ်၌ လျှပ်စစ်ဓာတ်အားပေးဝေသည့် အဆောက်အအုံများ၊ တာဝန်တိုင်များ၊ ထရန်စဖော်မာများနှင့် အခြားဆက်စပ်ပစ္စည်းများ ပျက်စီးဆုံး ရှုံးခဲ့ရကာ တွန်းဇံဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က တွန်းဇံမြို့နယ်အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်မှစတင်ကာ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများပြုလုပ်ချိန်၌ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေးလုပ်ငန်းများကိုပါထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိသေးချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့ဆေးရုံအား လျှပ်စစ်မီးရရှိရေးအတွက် ရပ်မိ ရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှတာဝန်ရှိသူများစုပေါင်း၍ ဆိုလာစနစ် (3.5 kW)ကို တပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တွန်းဇံမြို့သို့ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားကုန်များဖြစ်သော ဆန်အိတ်(၂၀၀)အိတ်၊...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၆ ဒသမ ၅၅၂ သန်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၂ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမသုံးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၂,၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန် မက်ထရစ်တန် ၂,၁၀၀ ဒသမ ၇၇၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071