Saturday, April 18, 2026

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး...

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ဆရာတော်ကြီးများမှ ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်းပေးခဲ့ကြသည်။ မာရဝိဇယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသောဆရာတော်ကြီး(၆)ပါးက တပ်မတော်ရဟတ်ယာဉ်ဖြင့်...

ဟော်မုဇ်ရေလက်ကြားကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း “ဖွင့်လှစ်ထားမည်” ဟု...

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလများအတွက် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် "အပြည့်အဝ ဖွင့်လှစ်ပေးမည်" ဟု အီရန်က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ...

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်(ပထမည)

ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။ ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ...
HomeNewsLocal Newsရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ...

ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် မြန်မာနှင့် ရုရှား လက်မှတ်ရေးထိုး

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund “RC Investments” တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွှန်လွှာ (Memorandum Of Cooperation) ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်း လည်း ဖြစ်သည်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရေး၊ အရည်အသွေးအာမခံချက်ရရှိရေးနှင့် လမ်းခရီးလုံခြုံစိတ်ချရမှုအာမခံချက်ရှိစေရေး၊ ရေရှည်ထောက်ပံ့ပို့ဆောင်နိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်သွားနိုင်မည့် အစီအမံများ ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုနောက် မြန်မာနိုင်ငံသို့ ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများကို ရေရှည်အစီအမံဖြင့် ရုရှားနိုင်ငံမှ ထောက်ပံ့ပေးနိုင်ရေး သဘောတူညီမှုအပါအဝင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်တို့အတွက် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွှန်လွှာ (Memorandum of Cooperation)ကို ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နယ်ပယ်တစ်ရပ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရေးတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် နားလည်မှုစာချွှန်လွှာ (MoU) တစ်ရပ်ကို မကြာမီအချိန်အတွင်း ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်း

နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ဆရာတော်ကြီးများမှ ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေပက်ဖျန်းပေးခဲ့ကြသည်။ မာရဝိဇယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသောဆရာတော်ကြီး(၆)ပါးက တပ်မတော်ရဟတ်ယာဉ်ဖြင့် နေပြည်တော်ဝေဟင်မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို လှည့်လည်ရွတ်ဖတ်တော်မူခဲ့ကြခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကို အပစ်အခတ်ရပ်စဲရေးကာလအတွင်း “ဖွင့်လှစ်ထားမည်” ဟု အီရန်က ကြေညာခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ထိုးဆင်း

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး လက်ကျန်ကာလများအတွက် ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောများအတွက် "အပြည့်အဝ ဖွင့်လှစ်ပေးမည်" ဟု အီရန်က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။ သောကြာနေ့အစောပိုင်းတွင် တစ်စည်လျှင် ၉၈ ဒေါ်လာအထက် ရှိခဲ့သော ဘရန့်ခရုဒ်(Brent crude) ရေနံစျေးနှုန်းသည် အဆိုပါထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ၈၈ ဒေါ်လာ (၆၅ ပေါင်) အထိ ကျဆင်းသွားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်နိုင်ငံတောင်ဘက်ရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ၎င်းမှတစ်ဆင့် ပုံမှန်သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။ အမေရိကန်သမ္မတ...

အချိုမှုန့်အတုလုပ်ငန်းကို ဖြိုခွင်း

ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု ထုတ်လုပ်ဖြန့်ဖြူး  သည့် အဓိကကွန်ရက်ကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းပေါင်း ၂၄,၉၁၈ ခုကို သိမ်းဆည်းရမိခဲ့သည်။ ချီယာဖွန်ပြည်နယ်၌ အငယ်စား ကုန်သည်တစ်ဦးကို ဖမ်းမိရာမှ စုံစမ်းစစ်ဆေးရေးမှူးများသည် သုံးလကျော်ကာလအတွင်း ကြီးမားကျယ်ပြန့်သော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက် တစ်ခုကို ဖေါ်ထုတ် နိုင်ခဲသည်။ 2026 ခုနှစ် မတ်လ  25 ရက်နေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071