ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူး၍ ဆဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်(ပထမည)ကို ယနေ့ ဧပြီ ၁၇ ရက်ညပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးရှေ့၌ကျင်းပခဲ့သည်။
ဓမ္မသဘင်(ပထမည)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)၊ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)က “သိင်္ဂါလောဝါဒ သုတ္တန်” တ ရားခေါင်းစဉ်ဖြင့်ဟောကြားတော်မူပြီးနောက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဓမ္မပူဇာအလှူငွေကျပ်သိန်း(၆၀)နှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု့အစုစုအတွက်ရေစက်သွန်ချအမျှပေးဝေးခဲ့ကြသည်။
ပဲခူးတိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ဧပြီ ၁၇ ရက်မှ ဧပြီ ၁၉ ရက်အထိကျင်းပမည်ဖြစ်ရာ မနက်ဖြန် ဧပြီ ၁၈ ရက်ညတွင် ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာ နနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ(အဂ္ဂမ ဟာ ပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)၊ ဧပြီ ၁၉ ရက်ညတွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာ သင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)တို့ကက နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူမည်ဖြစ်သည်။
