ထိုင်းနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (စီအိုင်ဘီ) သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) နှင့် ပူးပေါင်း၍ မိုနိုဆိုဒီယမ် ဂလူတမိတ် (အမ်အက်စ်ဂျီ)အချိုမှုန့် အတု ထုတ်လုပ်ဖြန့်ဖြူး သည့် အဓိကကွန်ရက်ကို ဖြိုခွင်းခဲ့ပြီး သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးကာ ပစ္စည်းပေါင်း ၂၄,၉၁၈ ခုကို သိမ်းဆည်းရမိခဲ့သည်။
ချီယာဖွန်ပြည်နယ်၌ အငယ်စား ကုန်သည်တစ်ဦးကို ဖမ်းမိရာမှ စုံစမ်းစစ်ဆေးရေးမှူးများသည် သုံးလကျော်ကာလအတွင်း ကြီးမားကျယ်ပြန့်သော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက် တစ်ခုကို ဖေါ်ထုတ် နိုင်ခဲသည်။
2026 ခုနှစ် မတ်လ 25 ရက်နေ့တွင် တာဝန်ရှိသူများက မသင်္ကာဖွယ်ယာဉ်တစ်စီး နောက်သိူ့ လိုက်ခဲ့ရာမှ ပထုန်ဌာနီရှိ ဓာတ်ဆီ ဆိုင် သို့ အရောက်တွင် သယ်ယူပို့သူ တစ်ဦးကို ကုန်ပစ္စည်းအတုအမြောက်အမြားနှင့်အတူ ဖမ်းမိခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအဖွဲ့သည် ဘန်ကောက်မြို့ရှိ အိမ်တစ်အိမ်တွင် အမ်အက်စ်ဂျီနှင့် အချိုမှုန့် အတုများကို လျှို့ဝှက်ထုတ်လုပ်နေကြောင်း၊ ကုန်ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခြင်းမှ ရှောင်ရှားရန် ညဘက်တွင် ပို့ဆောင်ကြကြောင်း စုံစမ်းသိရှိရ သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့သည် မြို့တော်ရှိ နေရာ ၃ ခုအတွက် ရှာဖွေဝရမ်းများ ရရှိခဲ့သည်။
Bang Khun Thian ခရိုင် Soi Sakae Ngam 50 ရှိ အိမ်ရာတွင် အရာရှိများက Kriangkrai ဟုသာ အမည်ရသော သံသယရှိသူ ခေါင်းဆောင်တစ်ဦးနှင့် အလုပ်သမား သုံးဦးတို့သည် အတုအယောင်အမှတ်တံဆိပ်ပါ ဟင်းခတ်မှုန့်များ ထုတ်လုပ်နေသည်ကို တွေ့ရှိခဲ့သည်။
အာဏာပိုင်များသည် တရားမဝင် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် အသုံးပြုသည့် ကုန်ကြမ်း များနှင့် ကိရိယာများနှင့်အတူ နာမည်ကြီး တံဆိပ်များ ပါသော ထုပ်ပိုးမှု ပစ္စည်းအမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ထုတ်လုပ်သည့်နေရာနှင့် ပစ္စည်းများသည် ဘေးကင်းရေးစံနှုန်း များနှင့် မကိုက်ညီဘဲ စားသုံးသူကို အန္တရာယ်ဖြစ်စေသော ပစ္စည်းများ ပါဝင်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
အဆိုပါကွန်ရက်သည် တစ်နေ့လျှင် အထုပ် ၁,၅၀၀ အထိ အတုများကိုထုတ်လုပ်ခဲ့ ကြောင်း သိရသည်။
Nong Khaem ခရိုင်နှင့် Bang Khae Market တို့တွင် ၎င်းတို့၏ ကုန်ပစ္စည်းအတုများကို လက်လီနှင့် လက်ကား ရောင်း ချသည့် ဆိုင်များတွင် ရောင်းချနေကြောင်း စုံစမ်းစစ်ဆေးသူ များက တွေ့ရှိခဲ့သည်။
သံသယရှိသူ ခုနစ်ဦးစလုံးက စွဲချက်များကို ဝန်ခံထားပါတယ်။ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ အချိုမှုန့်အတု ၄,၈၀၄ ထုပ်၊ ဟင်းခတ်မှုန့်အတု ၁၅၃၂ ထုပ်နှင့် ကုန်ကြမ်းနှင့် ထုတ်လုပ်ရေး စက်အမြောက်အများ ပါဝင်သဖြင့် စုစုပေါင်း သိမ်းဆည်းရမိသည့် ပစ္စည်းအရေအတွက်မှာ ၂၄,၉၁၈ ကျော်ရှိကြောင်း သိရသည်။
Ref. ဘန်ကောက်ပို့စ်