Thursday, August 13, 2026

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀...

အင်ဒို၌ကူးတို့သင်္ဘောမီးလောင်၊ တစ်ဦး‌ေ-သ၊ ၁၇၂ ဦးကယ်တင်ထားနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး...

သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျပြီး (၁)ဦး‌ေ-သဆုံး၊...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သြဂုတ် ၁၂ ရက်ည ၁၀ နာရီခွဲကျော်ခန့်က သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျရာမှ ‌ေ-သဆုံး၊ ဒ-ဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ်၊...

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ်...

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ...
HomeNewsLocal Newsရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော...

ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်များတွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ရှင်းလင်းသဖြင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ၎င်းတို့ပိုင်ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို စစ်ဆေးဖယ်ရှားခြင်းများ ပုံမှန်လုပ်ဆောင်လျက်ရှိရာ၊ မြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။

“နေ့လည်က အကုန်လာရှင်းနေကြတာတွေ့တယ်။ စည်ပင်က တာဝန်ရှိသူတွေလဲ ပါကြတယ်။ ဒါပေမယ့် အခုလိုကြီး တစ်လမ်းလုံး အကုန်ဖြတ်ချ ဖြုတ်ချသွားမယ်တော့ မထင်မိဘူးပေါ့။ ဓာတ်တိုင်တွေမှာ ကြိုးတွေမြင်မကောင်းအောင် ရှုတ်နေတာ အကုန်ရှင်းသွားလို့ ဝိုင်ယာရှော့ဖြစ်မှာတွေဘာတွေအတွက်ရင်အေးရသလို ဒီနှစ်မှာ မနှစ်ကထက် မီးပိုမှန်လို့လဲ YESC ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုလို ဘာမပြောညာမပြောနဲ့ အင်တာနက်တွေ ပြတ်ကုန်တာကတော့ အဆင်မပြေဘူးပေါ့”ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဖြုတ်ချသွားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများမှာ လမ်းဘေးတွင်သာ စုပုံလျှက်ရှိနေပြီး အမှိုက်သိမ်းမည့်သူများရောက်မလာကြသေးကြောင်း သိရသည်။

“ကျွန်တော်အပြင်သွားနေတာ အိမ်ပြန်ရောက်တော့ အင်တာနက်ကမရတော့ဘူး။ ကျွန်တော့်အိမ်ကိုသွယ်ထားတဲ့ကြိုးလဲ ပါသွားမှာပေါ့လေ။ ဒါကြောင့် မြန်မာနက်ကိုဖုန်းဆက်ပြောတော့ နက်ဖြန်လာစစ်ပြီး အဆင်ပြေအောင်လုပ်ပေးမယ်လို့ပြောပါတယ်။ ကြည့်ရတာ ခုလိုရှင်းလင်းမယ်ဆိုတာကို သူတို့လဲ သိပုံမပေါ်ဘူးဗျ”ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

လက်ရှိတွင်မူ အင်တာနက်ဆက်သွယ်မှု ပြတ်တောက်ခြင်းများဖြစ်ပေါ်နေသည့် နေရာများတွင် မိုဘိုင်းဒေတာဖြင့်သာ အင်တာနက် အသုံးပြုနေရကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ဓာတ်တိုင်များ ဝန်ပိမှုမဖြစ်စေရန်အတွက် YESC သည် ဓာတ်တိုင်များပေါ်တွင် ခွင့်ပြုချက်မရှိဘဲ သွယ်တန်းထားသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ရှာဖွေဖယ်ရှားပြီး တရားဥပဒေနှင့်အညီ အရေးယူမှုများ လုပ်ဆောင်လေ့ရှိသည်။ တရားမဝင်သွယ်တန်းထားသော ကေဘယ်ကြိုးများကို မိမိအစီအစဉ်ဖြင့် ဖယ်ရှားရန် အချိန်သတ်မှတ်၍ ကြေညာလေ့ရှိပြီး ဖယ်ရှားခြင်းမရှိပါက ဖြတ်တောက်ရှင်းလင်းခြင်း ပြုလုပ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါကြောင့် သက်ကြီးပိုင်းအမျိုးသား(၁) ဦးသေဆုံး ရောဂါပိုးတွေ့သူ(၅၄)ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။ သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀ ရက်တို့က ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ လူနာ(၂၈)ဦး၊ သြဂုတ် ၁၁ ရက်တွင် လူနာ(၇၀) ဦး၊ သြဂုတ် ၁၂ ရက်တွင် လူနာ(၈၄)ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ၎င်းတို့အနက် အသက်(၉၂)နှစ်အရွယ်ရှိ အမျိုးသားကြီး(၁)ဦးသေဆုံးခဲ့ကာ ပြန်လည်သက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရသူ(၈)ဦးရှိခဲ့ကာ ယနေ့ထိပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ(၅၄)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမံခန့်ခွဲမူလုပ်ငန်းကော်မတီ၏ဦးဆောင်မူဖြင့်ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌...

အင်ဒို၌ကူးတို့သင်္ဘောမီးလောင်၊ တစ်ဦး‌ေ-သ၊ ၁၇၂ ဦးကယ်တင်ထားနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ခရီးသွားကျွန်းမှ ထွက်ခွာလာသော ကူးတို့သင်္ဘောတစ်စင်းသည် လွမ်ဘော့ခ်ကမ်းလွန်ရေပြင်တွင် မီးလောင်ခဲ့သည်။ဗုဒ္ဓဟူးနေ့တွင် လူ ၁၇၂ ဦးကို ကယ်တင်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် အခြားခရီးသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ KM Putri Yasmin ကူးတို့သင်္ဘောသည် ဘာလီရှိ ပါဒန်ဘိုင်ဆိပ်ကမ်းမှ အနောက် နူဆာ တန်ဂါရာပြည်နယ် လွမ်ဘော့ရှိ လမ်ဘားဆိပ်ကမ်းသို့ ခုတ်မောင်းနေခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ မူဟာမက် ဟာရီယာဒီက ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက် ၄း၃၉ နာရီခန့်က လွမ်ဘော့ခ်ရေလက်ကြားတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဟု ဟာရီယာဒီက ရိုက်တာကို ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း...

သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျပြီး (၁)ဦး‌ေ-သဆုံး၊ (၂)ဦးဒ-ဏ်ရာရခဲ့မှု ပြင်ဦးလွင်မြို့တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သြဂုတ် ၁၂ ရက်ည ၁၀ နာရီခွဲကျော်ခန့်က သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျရာမှ ‌ေ-သဆုံး၊ ဒ-ဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်း၌ တောင်တမာ ပင်၏သစ်ကိုင်းကျိုးကျမှုကြောင့် ရပ်တန့်ထားသည့် အဝေးပြေးခရီးသည်တင်ကားပေါ်သို့ ဓာတ်ကြိုးပြုတ်ကျကာ ကားပေါ်ရှိ အမျိုးသား(၃)ဦးဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့ကြသဖြင့် သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071