Saturday, May 23, 2026

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့်...

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန...

ဧရာဝတီတိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးမှုတိုးမြှင့်နိုင်ရေး ၆၆ ကေဗွီ...

ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် ကညင်ဆည်၌ တည်ဆောက်နေသော ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ်...

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက...

မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃...

မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင် လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ...
HomeMoviesမြန်မာ့ဒေသရင်း အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း...

မြန်မာ့ဒေသရင်း အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၉၀၀ ကျော် မှတ်တမ်းတင်ထားနိုင်၊ ထိန်းသိမ်းမှုမလုပ်ပါက ဆယ်စုနှစ်အတွင်း မျိုးစိတ်တစ်သန်းခန့် မျိုးသုဉ်းနိုင်မြန်မာနိုင်ငံအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်မှစ၍ ပါဝင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ မြန်မာ့ဒေသရင်း အပင်မျိုးစိတ် ၈၆၄ မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၉) မျိုး၊ ငှက်မျိုးစိတ် (၁၀) မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ် (၂၁) မျိုးတို့ကို တရားဝင်မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားလိုက်သည်။

မေလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သည့် ၂၀၂base ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ (International Day for Biological Diversity) အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်တွေ့မလုပ်ဆောင်ပါက မျိုးသုဉ်းမည့်အန္တရာယ်

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက “ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်ထိန်းသိမ်းခြင်းကို လက်တွေ့နေ့စဉ်လုပ်ဆောင်ချက်တွေကနေတစ်ဆင့် ဒေသအဆင့်၊ နိုင်ငံအဆင့် စသည်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးရခြင်းရဲ့ အကြောင်းရင်းတွေကို လျှော့ချဆောင်ရွက်ခြင်း မပြုလုပ်ဘူးဆိုရင် လာမည့်ဆယ်စုနှစ်တွေအတွင်းမှာ ကမ္ဘာပေါ်က မျိုးစိတ်ပေါင်း တစ်သန်းခန့် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနယ်မြေများ

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အောက်ပါ သဘာဝအခြေခံနယ်မြေများကို စနစ်တကျ ဖွဲ့စည်းသတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည် ။

သဘာဝထိန်းသိမ်းရေးနယ်မြေ- ၆၂ ခု
အာဆီယံအမွေအနှစ်ဥယျာဉ် (AHP)- ၈ ခု
အရှေ့အာရှ – ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်- ၈ ခု
ရမ်ဆာ (Ramsar) ရေဝပ်ဒေသ- ၇ ခု
ယူနက်စကို (UNESCO) လူသားနှင့် ဇီဝအဝန်းနယ်မြေ-၂ ခု
ထို့ပြင် သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းအတွက် အခြေခံအကျဆုံးဖြစ်သည့်အပြင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်လျှော့ချရေးအတွက်လည်း အလွန်အရေးပါသဖြင့် သစ်တောဂေဟစနစ်များ၏ အရင်းအမြစ်ဖြစ်သော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသတည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားများအနေဖြင့် အစိုးရသစ်နှင့်အတူ အားသစ်မာန်သစ်ဖြင့် လက်တွဲဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ယခုအစိုးရသစ်နှင့်အတူ အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားလိုက်သည်။ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တရားဝင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဒွန်တွဲမှု ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည် ကင်းကွာ၍မရဘဲ ဒွန်တွဲလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသ အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်...

ဧရာဝတီတိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးမှုတိုးမြှင့်နိုင်ရေး ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် မြန်အောင်မြို့နယ် ကညင်ဆည်၌ တည်ဆောက်နေသော ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထုတ်လုပ်မည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်–ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့်...

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား မအူပင်မြို့နယ်၊ မီးသွေးချောင်းအုပ်စု၊ လယ်ကိုင်းကျေးရွာထိပ်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရ      

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲဝင်များက မေလ (၂၂) ရက်၌ လာရောက် ကြည့်ရှူစစ်ဆေးခဲ့ကြောင်းသိရသည်။     နယ်စပ်ရေးရာ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေနှင့် ဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေဆုံခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စိစဥ်ဆောင်ရွက်ထားရှိကြောင်း၊ ကျောင်းရှိ နည်းပြများ၏ သင်ကြားမှု နည်းစနစ်များအား လိုအပ်သည်များ မှာကြားကာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်းသိရသည်။               လက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071