Friday, July 17, 2026

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည်...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃...

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ...

Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို...

နေပြည်တော်၊ ဇူလိုင်-၁၇ အဆိပ်ရှိပစ္စည်းများဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း (၂)နှစ်ကြာ သုံးစွဲခွင့်တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများ (Banned Pesticides) အဖြစ်...

နီပေါက ဒေသတွင်းချိတ်ဆက်မှု၊ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးနှင့်...

ရှီးဇန်း၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီးဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Nyingchi) မြို့တွင် ဇူလိုင်လ ၁၇ ရက် နေ့က...
HomeNewsLocal Newsမြန်မာ့စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး...

မြန်မာ့စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် UNDP နှင့် ဆွေးနွေး

နေပြည်တော်၊ ဇူလိုင်-၁၆

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Mr. Norimasa Shimomura တို့သည် ဇူလိုင် ၁၆ ရက်၊နံနက်ပိုင်းက နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံမှုအတွင်း နိုင်ငံတော်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်း UNDP က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများနှင့် ပတ်သက်၍လည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UNDP မြန်မာရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်္ဂလန်နှင့်ပွဲအပြီးတွင် အာဂျင်တီးနားကစားသမားများက ဖောက်ကလန်အလံကို ဝှေ့ယမ်းခဲ့

ဗုဒ္ဓဟူးနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အာဂျင်တီးနားကစားသမားများက “Las Malvinnas Son Argentinas” (ဖောက်ကလန်သည် အာဂျင်တီးနားအပိုင်ဖြစ်သည်) ဟု ဖော်ပြထားသော နိုင်ငံရေးဆန်သည့် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ခဲ့သောကြောင့် ဖီဖာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ဖွယ်ရှိနေသည်။        ဖီဖာ၏ အားကစားကွင်း အပြုအမူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် အားကစားကွင်းများအတွင်း နိုင်ငံရေး၊ စော်ကားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုမြောက်သော ဆိုင်းဘုတ်များ၊ အလံများ၊ လက်ကမ်းစာစောင်များ၊ အဝတ်အစားများနှင့် အခြားပစ္စည်းများကို တားမြစ်ထားသည်။       ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဖီဖာက...

သပိတ်ကျင်းမြို့ အနီးကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့

သပိတ်ကျင်း၊ ဇူလိုင်-၁၇ ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၅၆) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်...

Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံတွင် (၂) နှစ်ကြာ တားမြစ်ပိတ်ပင်

နေပြည်တော်၊ ဇူလိုင်-၁၇ အဆိပ်ရှိပစ္စည်းများဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို မြန်မာနိုင်ငံအတွင်း (၂)နှစ်ကြာ သုံးစွဲခွင့်တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများ (Banned Pesticides) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ဇူလိုင် ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။ ယင်းဆုံးဖြတ်ချက်မှာ ဇူလိုင် ၇ ရက်က ကျင်းပခဲ့သည့် (၄၈)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေးအတွက် လိုအပ်သည့်အတွက် Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို ဇူလိုင် ၁၅ ရက်မှစတင်ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071