သပိတ်ကျင်း၊ ဇူလိုင်-၁၇
ယနေ့ (ဇူလိုင် ၁၇ ရက်) နံနက်ပိုင်းက သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ ၅.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၅၆) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၃(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဆိုသည်။
ယင်းသို့လှုပ်ခတ်မှုကို မန္တလေးမြို့ခံတချို့လည်း သိသာစွာခံစားခဲ့ရပြီး ရွှေဘို၊ ကျောက်ဆည်၊ကျောက်မဲ၊ ပြင်ဦးလွင်မြို့ နေသူများပါ သိလိုက်ကြသည်ဟု လူမှုကွန်ယက်တွင် မျှဝေရေးသားထားကြသည်။
